♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

August 2, 2012

နင်မခေါ်ရင် ငိုချင်တယ်



ငါလေ....ငယ်ငယ်ကတည်းက
နင် ဘယ်ကိုသွားသွား
နင် ဘယ်ကိုလာလာ
နင် မခေါ်ရင် ငိုချင်တယ်..။

အဲ...အရင် ဟိုတုန်းက....
ငါ စိတ်ဆိုးအောင်
စနှောက်ပြောင်တတ်တဲ့  နင့်ကို
ငါ စိတ်ကောက်အောင်
တမင်လှောင်ရီကျီစယ်တတ်တဲ့  နင့်ကို
တခါတခါ စိတ်ရှူးတွေပေါက်ပြီး
ထိပ့်ခေါင်းကိုခေါက်ကာ စပြေးထွက်သွားတတ်တဲ့  နင့်ကို
အမြဲလိုလို ရန်တွေ့ဗိုလ်ကျတတ်တဲ့  နင့်ကိုလေ
ပြောရင်ယုံမလား....တစ်ယောက်တည်းထားပြီး
နင်မခေါ်တဲ့ခါ ငိုချင်တယ်..။


ပြီးတော့....
ငါ စိတ်ကောက်တဲ့ခါ
စိတ်ဆိုးပြေအောင် ချော့မြူတတ်တဲ့ နင့်ကိုလေ
အပျိုဖော်ဝင်တော့ ငါ့စိတ်တွေလှုပ်ရှား
နင်နဲ့မှ ချစ်တတ်လာတဲ့ ငါလေ
နင် ဘယ်ကိုသွားသွား
နင် ဘယ်ကိုလာလာ
နင်မခေါ်ရင် ငိုချင်တယ်။

မျှဝေခံစားနိုင်ကြပါစေ..။

No comments:

Post a Comment