♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

August 2, 2012

သမိုင်းသစ်ဖွင့် ရှစ်ဆယ့် ရှစ် ။



လူပင်လယ်
လှိုင်းတံပိုးတွေကြား
တာဝန်ကိုယ်စီ ရွက်ခဲ့ကြတဲ့နေ့ ...။

လှည်းနေ လှေအောင်း
မြင်း ဇောင်းမကျန် ဆိုတာ
ရုပ်လုံးပေါ်တဲ့နေ့ ....။

ရဟန်းရှင်လူကျောင်းသားပြည်သ
အလွှာစုစု ဝန်ထမ်းထု စုပေါင်းပြု
ပြည်ထောင် တစ်သားထဲ ဖြစ်တဲ့နေ့ ....။

၂၆ နှစ် ဖိနိပ်၍ ထား
နေမဝင် အင်ပါယာ အလား
အာဏာရှင်တွေ ကျဆုံးရတော့မယ့် နေ့.... ။

စစ်သေနတ်သံတွေကြား
သွေး အလူးလူးနဲ့
ကြွေးကြော်သံတွေ တွန်ကျူးရင့်တဲ့ နေ့ ...။

ဒေါင်းအလံတွေကြား
ကျည်ဆံသွားလည်း
ငါတို့တတွေ..
ရှေ့သို့ ချီခဲ့ ..
ဘေးတဖက်နား
ကျဆုံးသွားလည်း
ကျန်သူများက ...
မတွေဝေခဲ့ ..
စစ်ဖိနပ်တွေ
ဖိနင်းသွားလည်း ...
ကျန်သူ တတွေ
ဦးမညွှတ် ပေ...။

အဲဒီနေ့မှာ...
ကျောင်းစိမ်းကို ဝတ်
လွယ်အိပ် ပစ်လို့
သမိုင်း ကို အသစ်
ဖွင့်လှစ်ရအောင်...
အမယ်...
အိမ်ကိုသော်မှ
ချစ်ရမှန်းမသိတော့တဲ့ နေ့ ။

ဦးလေး ရဲရင့်ကျော် (ကိုဝိုင်ဝိုင်ကေ)

No comments:

Post a Comment