ဘ၀တစ်ကွေ.မှာ
ဒို့ စတွေ့ တော့
ငါဆိုတာ
ခပ်ချာချာ လူတစ်ယောက်ပါ။
ဒို့ စတွေ့ တော့
ငါဆိုတာ
ခပ်ချာချာ လူတစ်ယောက်ပါ။
သကာကြွယ်စကားတွေနဲ့ 
အချစ်ကိုလှည့်စား
နင့် အကြောင်းကြားရတာ
ငါ နားခါးလိုက်တာဟာ။
နင့် အကြောင်းကြားရတာ
ငါ နားခါးလိုက်တာဟာ။
နင့်အလှမှာ ယစ်မူး
ငါ ကြည်နူးနေတုန်း
ရေလာဖို့ မြောင်းပေး
အကြင်နာတွေ စတေးတော့
ငါ ဘယ်ပြေးနိုင်မလဲ။
ငါ ကြည်နူးနေတုန်း
ရေလာဖို့ မြောင်းပေး
အကြင်နာတွေ စတေးတော့
ငါ ဘယ်ပြေးနိုင်မလဲ။
နင့်ရဲ့ ချစ်ရည်လူးစကား
ခဏခဏကြားရတော့
အားလုံးအဟုတ်ထင်
နင်မှနင်ပဲ။
ခဏခဏကြားရတော့
အားလုံးအဟုတ်ထင်
နင်မှနင်ပဲ။
အချိန်မဆိုင်းဘဲ နင်ခိုင်းသမျှ
လိုက်လုပ်ရတာ
ဖန်တစ်ရာတေလည်း
ငါ ကျေနပ်ဆဲပါ။
လိုက်လုပ်ရတာ
ဖန်တစ်ရာတေလည်း
ငါ ကျေနပ်ဆဲပါ။
ဝဋ်ကြွေးထူတယ်ပြောလည်း
မငြူစူတဲ့သဘောက
ငါ့ရင်ထဲမှာ အပြည့်ပဲလေဟာ။
မငြူစူတဲ့သဘောက
ငါ့ရင်ထဲမှာ အပြည့်ပဲလေဟာ။
ဒီလောက်အလိုက်တသိနဲ့ 
ချစ်မိနေတဲ့ငါ့ကို
ဘယ်အချက်တွေကြောင့်
စိမ်းရက်ခဲ့တာလဲ။
ဘယ်အချက်တွေကြောင့်
စိမ်းရက်ခဲ့တာလဲ။
နင်မရှိတော့ နင့်နာမည်ဟစ်ကြွေး
တသသ ပူဆွေးရတာတွေ
ငါမှ အခြားဘယ်သူများ
သိခဲ့မှာလဲလေ။
တသသ ပူဆွေးရတာတွေ
ငါမှ အခြားဘယ်သူများ
သိခဲ့မှာလဲလေ။
နင် အမြင်မှန်ရပြီး
ငါ့ထံပြန်လာတော့လည်း
ဟို အရင်ကလို
အပြုံးမပျက်နေပေးခဲ့တာ
သိပ်ချစ်လွန်းလို့ ပါဟာ။
ငါ့ထံပြန်လာတော့လည်း
ဟို အရင်ကလို
အပြုံးမပျက်နေပေးခဲ့တာ
သိပ်ချစ်လွန်းလို့ ပါဟာ။
နောက်ထပ်မဝေးကြေး
အသက်ပေးချစ်မယ်
နင့်ရဲ့စကား ငါကြားရတော့
ကြည်နူးလိုက်တာ တကယ်ပါပဲ။
အသက်ပေးချစ်မယ်
နင့်ရဲ့စကား ငါကြားရတော့
ကြည်နူးလိုက်တာ တကယ်ပါပဲ။
မမြင်ချင်တဲ့မြင်ကွင်း
မကြားချင်တဲ့စကားကြောင့်
သံသယဆိုတာ
တခါတခါတော့ ရောက်ရောက်လာတယ်ဟ။
မကြားချင်တဲ့စကားကြောင့်
သံသယဆိုတာ
တခါတခါတော့ ရောက်ရောက်လာတယ်ဟ။
ဒါပေမဲ့လေ
နင့်အပေါ်ချစ်စိတ်
ယိုဖိတ်နေတော့
နင်ပြောသမျှ နာခံရတာ
မဆန်းပါဘူးကွာ။
နင့်အပေါ်ချစ်စိတ်
ယိုဖိတ်နေတော့
နင်ပြောသမျှ နာခံရတာ
မဆန်းပါဘူးကွာ။
ဘာပဲဖြစ်ဖြစ် ဘယ်လိုဖြစ်ဖြစ်
ငါဘယ်လောက်ချစ်သလဲဆိုတာ
နင်သိနေရင် ကျေနပ်ပါပြီ။
ငါဘယ်လောက်ချစ်သလဲဆိုတာ
နင်သိနေရင် ကျေနပ်ပါပြီ။
ရှေးလူစကား ငါကြားဖူးတယ်
ကျွန်ယုံ တစ်ဖက်ကန်း
သားသမီးယုံ စုံလုံးကန်းတဲ့
ချစ်သူ…အခုတော့
ငါနားတွေပါကန်းနေပြီဟာ။
ကျွန်ယုံ တစ်ဖက်ကန်း
သားသမီးယုံ စုံလုံးကန်းတဲ့
ချစ်သူ…အခုတော့
ငါနားတွေပါကန်းနေပြီဟာ။
-- ရဂုံ(ရေဦး) --
No comments:
Post a Comment