ကျနော် သိလိုက်ပြီး ( ကမ္ဘာငြိမ်းချမ်းရေးအတွက် အမှတ်တရကဗျာ )
ကမ္ဘာကြီးဟာ နိုင်ငံရေးပဋိပက္ခတွေကြား
ဘာသာရေးအစွန်းရောက် သူတွေကြား
စစ်မီးတွေ ဟုန်းဟုန်းဟုန်းတောက်လောင်ကာ
ကပ်ဘေးဒုက္ခမျိုးစုံတွေနဲ့ နပန်းသတ်နေပြီး
ငြိမ်းချမ်းမဲ့ သံစဉ်ကိုတီးခတ်ရင်း
ဒုက္ခ္မမျိုးစုံကိုထမ်းပိုးကာ ခရီးဆက်နေတယ်။
ကမ္ဘာသတင်းကို နားထောင်ဖတ်မိလိုက်တာနဲ့
လူအသေအပျောက် မရှိသလောက်ရှားပါးနေတဲ့ ခေတ်ဆိုးဆိုးထဲမှာ
အစွန်းရောက်သူတွေဟာ ထင်ရာစိုင်းပြီး
လူသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတယ်။
ဝုန်း - ဒိုင်း - ဂျိမ်း - ဂွမ်း အသံတွေနဲ့
စစ်လက်နက်အပြိုင်အဆိုင်တပ်ဆင်နေတဲ့ ကမ္ဘာကြီးအကြောင်း
ကျနော်သိလိုက်ပါပြီ ကမ္ဘာခေါင်းဆောင်တွေဟာ
ကမ္ဘာကြီးငြိမ်းချမ်းအောင် မစွမ်းဆောင်နိုင်ဘူးဆိုတာကို။
ကျနော်သိလိုက်ပါပြီ ကမ္ဘာကြီးငြိမ်းချမ်းအောင်
ကမ္ဘာငြိမ်းချမ်းရေးကို ကမ္ဘာပြည်သူတွေ မပူးပေါင်းပါဝင်သ၍
ကမ္ဘာကြီးဟာ ဘယ်သောအခါမှ ငြိမ်းချမ်းလာမှာ မဟုတ်ဘူးဆိုတာကို။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို မငြိမ်းချမ်းတဲ့ ဤကဗျာနဲ့ ဂုဏ်ပြုလိုက်ပါတယ်။