♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

July 20, 2012

သွေးချင်းတို့ရဲ့ ဇာတိမာန်


ဒို့ရေကိုသောက် သူခြိမ်းခြောက်၏။

ဒို့ဆန်ကိုစား သူစော်ကား၏။

ဒို့မြေကိုလှန် သူမာန်တက်၏။

ဒို့အရိပ်ကိုခို လူကိုမျို၏။

ဖော်ရွှေပွင့်လင်း ၊ ညီညွတ်ခြင်းနှင့်
စေတနာထား ၊ မာန်မပွားလည်း
ဒင်းတို့မတန် ၊ ခြေစုံကန်၏။

ညီနောင်သားချင်း ၊ သွေးနှင့်ရင်းသည့်
အထိကရုဏ်း ၊ နှလုံးသားထိ
ပူဆွေးလောင်မြိုက် ၊ အသည်းခိုက်နာ
ငါတို့အမျက် ၊ ရင်ထဲဝှက်သို
တားဆီးလိုလည်း.......

ညီနောင်အရေး ၊ ဒို့အရေးမို့
ဝံသာနုမာန် ၊ လှိုက်လှိုက်လျှံတက်
စော်ကားရန်စ ၊ မြူမှုန်မျှလည်း
ငါတို့မခံ ၊ နယ်ချဲ့ရန်ကို
စုပေါင်းကာကွယ် ၊ အမြစ်တွယ်သည့်
တိုင်းရင်းသားစိတ် ၊ ရင်ဝယ်ဖိတ်လျှက်
နယ်ချဲ့မှန်လျှင် တော်လှန်မည်။ ။
 

No comments:

Post a Comment