♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

July 20, 2012

အားတင်းထားပါ ရွှေဧရာ


မေခနဲ့ မလိခ
လှပစွာ ခမ်းနား
ပေါင်းစုံထားပြီး
သွေးချင်းများအတွက်
တတတ်တအား
သူပါဝင်ထားလိုက်တာလေ။

အပိုစကားမဆို
လိုတာကိုပေး
တို့ မြန်ပြည်တေးဆိုဖို့
ဝမ်းရေးတွေဖန်တီး
ရာဇ၀င်များရဲ့ သတို့သမီးတဲ့။

အလှတွင်အယဉ်ဆင့်
အမြင်တင့်တဲ့ ယဉ်ဟန်ပို
ကမ္ဘာက ငိုရတဲ့ တို့မြစ်နှမ
အမိဆိုလည်း ဟုတ်ရဲ့။

အခုတော့ အမူမပို
အကူလိုနေတဲ့ ဘဝ
ကိုယ်တိုင်က ငိုနေရပြီလား။

ချစ်ရသူ မြစ်မင်း
အားလည်းမတင်းနိုင်တော့
ချစ်ခြင်းတွေကွယ်ပျောက်
စိတ်တွေနောက်နေရပြီလား။

လှပဝေဆာ ချစ်ဧရာရေ ….
မြန်ပြည်နှင့် မြစ်မင်း
နှလုံးသွေးတွေ ပေါင်းဆင်းနေကြမှတော့ …..

ညီညွတ်ခြင်းတွေနဲ့ စီးမျော
ငါတို့ရဲ့ အသက်ကြောတွေ
သံယောဇဉ်တွေနဲ့ ဖွဲ့စည်း
နှောင်ဖွဲ့ထားပြီးသား
ခွဲခြားလို့ မရမှတော့ ……

ခပ်ကြော့ကြော့နဲ့တော့
လာမဆော့နဲ့
ဒါဟာ ပတ္တမြားတွေ….

ကစားစရာမြေမဟုတ်
ရွှေရင်တွေ ကတုတ်လုပ်ရဦး
နောက်ဆုံးထိ တိုက်ကြမယ်
အားတင်းထားပါရွှေဧရာ ။ ။

No comments:

Post a Comment