♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

July 20, 2012

ဒီတံခါး အိမ်အမှတ် ငါးဆယ့်လေး


အင်းလျားရေပြင်ရဲ့
မလှမ်းမကမ်းမှာရှိထားတဲ့
ဝင်းတံခါး နှစ်ချပ်
အမှတ်တမဲ့ရှုကြည့်
သူ့၏ ပုံရုပ်
မတုန်မလှုပ်
ကျောက်ရုပ်ပမာပေါ့ ….။

တပင်တိုင်မြနန်းစံခဲ့တဲ့
သူမရဲ့ထံပါးက
ဒီတံခါးမရဲ့ ထိပ်မှာ
အိပ်မရ ညနဲ့
အတိတ်ကဘ၀တွေ ရှိခဲ့ဘူးတယ်။

ဒီတံခါးရဲ့
တခြားတစ်ဘက်မှာ
အလွမ်းသမားတစ်သိုက်အတွက်
စန္ဒယားရှိုက်သံတွေ ရှိခဲ့ဘူးတယ်။
နှစ်နှစ်သားမှ
ခြောက်ဆယ့်ငါးနှစ်တိုင်တိုင်
သူမဖြိုင်ဖြိုင် မျက်ရည်မိုးကျ
လဇူလိုင် တစ်ဆယ့်ကိုးရဲ့ ညဟာ
ဒီတံခါးဝမှာပဲ။

ပေါ်မလာနိုင်တော့တဲ့သူတွေကိုမှန်း
အချစ်ဆုံးသူတွေကိုတမ်း
လွမ်းလို့ မ၀တာ
ဒီတံခါးဝမှာပဲ။

ပေါ်မလာသူတစ်ယောက်ကိုမျှော်ကိုး
တိုးဝှေ့ခစားသူတွေကို မမုန်း
အပြုံးနဲ့ ဖျော်ဖြေရှာ
အဲဒါ……ဒီတံခါးဝက အမေခမျာပဲ။

ရာဇ၀င်ရိုင်းများ
ဒီတံခါးကို သော့ခတ်ခဲ့စဉ်
ကန်ရေပြင်က အသက်မဲ့တိတ်ဆိတ်
ကမ္ဘာမြေပြင်က အခက်နဲ့ တထိတ်ထိတ်နဲ့ပေါ့။

နှောင်ကြိုးအထပ်ထပ်နဲ့
ရစ်ပတ်ခံခဲ့ရတဲ့ဒီတံခါး
ပွင့်ဟသွားစေခဲ့တာက
သူမရဲ့ငြိမ်းငြိမ်းချမ်းချမ်း
နှုတ်ခမ်း တစ်လွှာပဲ။

ရဲရဲနီထား
ဒီတံခါးက
သိန်းချီမကတဲ့
ဓားသွားမြမြတွေကို
ယဉ်ပါး ခစေခဲ့တယ်။

ဇာနည်တွေဖွား
ဒီတံခါးက
သောင်းမကတဲ့
ပြောင်းဝတွေကို
သံလွင်ခက်နဲ့ တေးဆိုစေဦးမယ်။

အာဏာကိုအံတုလို့
ကမ္ဘာ့ဆုတို့က ခစားရတဲ့
ဒီတံခါးလှတစ်ခုကတော့
ငါတို့အားလုံးအတွက်
ဘုရားပေးတဲ့ဆုပဲ။

အခါတစ်ပါးက
ဒီတံခါးဝဆီသွား
အဘွားလျောက်ခဲ့တဲ့လမ်းမှာ
စီစီရီရီ လန်းလန်းဆန်းဆန်း
လီလီပန်းတွေ ရှိခဲ့ဘူးတယ်။

ရာဇ၀င်တင်ထား
ဒီတံခါးချပ်တွေကိုတော့
ရာဇ၀င် တစ်ကျော့ပတ်
ပြန်သော့မခတ်စေဖို့
ငါတို့အားလုံး စုကာဝိုင်း
သမိုင်းပေးတာဝန်တစ်ခုပေါ့

ခွပ်ဒေါင်းနီတို့စွမ်းအား
ဒီတံခါးနဲ့ တံတိုင်း
ငါတို့အားလုံးရဲ့ သမိုင်းမို့
ဒီတံခါးက
ငါတို့အားလုံးနဲ့ ဆိုင်တယ်
ဒီတံခါးရဲ့ အနာဂတ်များ
ငါတို့ အားလုံးပို်င်တယ်။ ။


( ဒီနေရာမှ )  ကူးယူဖော်ပြထားပါသည်..။

No comments:

Post a Comment