♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

July 1, 2012

ခပ်မှန်မှန်လေး


ခပ်မှန်မှန်နဲ့
ငါ လျှောက်ခဲ့တယ်
မင်းရှိရာ အရပ်ဆီကို
လေညှင်းလို တိုးဝှေ့
နွေးထွေးမှုတွေနဲ့ပါ...။

ခပ်မှန်မှန်နဲ့
ငါ ရင်ခုန်ခဲ့တယ်
မင်းနှလုံးသား စေရာကို
စမ်းတွေလို စီးဆင်း
အေးမြမှုတွေနဲ့ပါ....။

ခပ်မှန်မှန်နဲ့
ငါ ချစ်ခဲ့တယ်
သစ္စာရဲ့ ဖြောင့်မတ်မှုကို
ကျောက်စိုင်လို ခိုင်မာ
ကျစ်လစ်မှုတွေနဲ့ပါ...။

ခပ်မှန်မှန်နဲ့
ငါ မြတ်နိုးခဲ့တယ်
မေတ္တာရဲ့ မျှတမှုတွေကို
ဝါဂွမ်းလို နူးညံ့
ပျော့ပျောင်းမှုတွေ့နဲ့ပါ...။

ခပ်မှန်မှန်နဲ့
ငါ ကြင်နာခဲ့တယ်
ကိုယ်ချင်းနဲ့ စာနာမှုကို
မှန်တချပ်လို ဖောက်ထွင်း
ကြည်လင်ခြင်းတွေနဲ့ပါ...။

ခပ်မှန်မှန်လေး
ငါ တို့ လျှောက်ကြမယ်
ဂုဏ်ဓန မဖက်တဲ့
ပုညဇာတိတွေ ထိန်းရင်း
မျိုးစဉ်ဆက်ကြမယ်လေ...။

ကိုဝိုင်ဝိုင်ကေ
၁ - ၇ -၂၀၁၂ ... ၀၀း၄၅ နာရီ

No comments:

Post a Comment