♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

June 30, 2012

အချစ်ဆိုတာ


အချစ်ဆိုတာ အတိအကျမသိဘဲနဲ့ ငါ မင်းကိုချစ်တယ်လို့ပြောနေကြတဲ့ သူတွေအားလုံးအတွက်
စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေပြန် ၊ရင်ခုန်နှုန်းတွေအရမ်းမြန်ပြီး
ပြောဖို့စကားတွေ ရင်ခေါင်းထဲကကိုမထွက်ဘူး ဖြစ်နေတာလား...?
အဲ့ဒါ အချစ်မဟုတ်ပါဘူး ၊ သဘောကျနေတာပါ။

ကိုယ့်ရဲ့ မျက်စိအောက်က အပျောက်မခံချင်တာမျိုး
လမ်းခွဲလိုက်ရမှာကို သိပ်စိုးရိမ်နေတာလား...?
ဒါ အချစ်မဟုတ်ပါဘူး အဲ့ဒါရမ္မက်ပါ။

ကိုယ့်ရဲ့ အနားက တစ်ဖ၀ါးမှမခွ
သူ့ကို နေစေချင်တာလား...?
ဒါ အချစ်မဟုတ်ဘူး ၊ ကိုယ်တိုင်က အထီးကျန်နေလို့ပါ။

သူက မင်းကို အနမ်းလေးပေးတယ်။
င်းရဲ့ လက်ကလေးကို မြဲမြဲဆုပ်ကိုင်ထားလို့
မင်း သူ့အနားမှာ ရှိနေချင်တာလား...?
အဲ့ဒါ အချစ်မဟုတ်ဘူး ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်းနေလို့လေ။

ချစ်နေလို့ပါလို့ပြောပြီး သူ့ အနားမှာရှိနေပြီး
ကာကွယ်မှုတွေပေးနေတာလား..?
ဒါ အချစ်မဟုတ်ဘူး ၊ သူ့ကို သနားနေတာလေ။

သူ့ကိုသိပ်ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွှတ်ပေးနေနိုင်တာလား...?
ဒါ အချစ်မဟုတ်ဘူး သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူတစ်ယောက်ထဲပဲရှိနေတယ်လို့
မင်း သူ့ကို ပြောပြသလား..?
ဒါ အချစ်မဟုတ်ပါဘူး ၊ မင်း သူ့ကို လိမ်နေတာ။

သူ့အတွက်နဲ့ ကိုယ်ကြိုက်တဲ့အရာအားလုံးကို စွန့်လွှတ်ဖို့ဝန်မလေးဘူးမဟုတ်လား...?
ဒါ အချစ်မဟုတ်ပါဘူး ၊ ပေးကမ်းစွန့် ကြဲရဲတဲ့ စိတ်ဓါတ်ပါ..။

သူဝမ်းနည်းတဲ့အခါ မင်း အသဲကြွေမတက်ခံစားခဲ့ရဖူးလား..?
~~~~ အဲ့ဒါ အချစ်လေ ~~~~

သူ့ရဲ့ နာကျင်မှုတွေ/သိမ်ငယ်မှုတွေအတွက်
အပြင်ပန်းကမဟုတ်တောင် စိတ်ထဲက ကျိတ်ငိုကြွေးခဲ့ရဖူးလား...?
~~~~ ဒါမှ အချစ်လေ ~~~~

သူ့ရဲ့ အားနည်းချက်ကို သူ့ရဲ့ အစိတ်အပိုင်းအဖြစ် မင်းလက်ခံထားလား...?
~~~~ အဲ့ဒါ အချစ်ပေါ့ ~~~~

တခြားသူတွေကို ဆွဲဆောင်ဖို့ကိုးစားနေပေမယ့်
သူ့ကိုပဲ အကြောင်းပြချက်မရှိ သစ္စာရှိရှိနဲ့အတူလက်တွဲနေသလား?
~~~~ အဲ့ဒါ အချစ်ပေါ့ ~~~~

မင်းရဲ့ နှလုံးသား ၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို
သူ့ကိုပေးဖို့ ၀န်မလေးဖူးဘူး မဟုတ်လား?
~~~~ ဒါဆို အချစ်ပေါ့ ~~~~

အခုအချစ်ဟာ သိပ်ခါးသီးနာကျင်နေစေမယ်ဆိုရင်
ကျွန်တော်တို့ ဘာကြောင့် ချစ်နေကြဦးမှာလဲ...?
ဘာ့အတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံးရှာဖွေနေဦးမလဲ...?
ဒီ အနာတရတွေ ၊ ဒီ မချိမဆန့်ဝေဒနာတွေ
ဒီ ဒုက္ခတွေကိုက ဘာကြောင့်လဲ...?

အဖြေကသိပ်ရိုးရှင်းပါတယ် အဲ့ဒါအချစ်ကြောင့်လေ...။
ဘယ်လောက်ထိ ဆွဲဆောင်အားပြင်းသလလဲဆိုရင်
အချစ်မရှိဘူးဆိုတဲ့သူတွေတောင် တစ်ချိန်မှာခံစားကြည့်ချင်လာတယ်။
ရှိနေပြီးသားသူတွေကလဲ သူများတွေကိုမျှဝေခံစားစေချင်ကြတယ်လေ
~~~~ You Will Found Your Love ~~~~


No comments:

Post a Comment