♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

April 2, 2012

ထွက်ခွာခြင်း


ထွက်ခွာခြင်းရဲ့ လားရာအရပ်ဟာ
လှည့်ထွက်သွားမဲ့ ကျောခိုင်းခြင်းလား
လေပြေတွေ ခွန်းဆင့်တတ်မယ်ဆို
မှာလိုက်ချင်တယ် စကားတွေပေါ့
ရထားတွေရဲ့ ထွက်ခွာခြင်း
လေယျာဉ်တွေရဲ့ ထွက်ခွာခြင်း
ရေယျာဉ်တွေရဲ့ ထွက်ခွာခြင်းဟာ
စုန်ချည် ဆန်ချည် ခေါက်တုံ့ ရယ်မို့ 
မဆန်းစစ်ခဲ့မိပေမဲ့
ထွက်ခွာလုမှာ မတွေ့ ချင်ဘူး
မျက်အိမ်ဝန်းက ကြေကွဲခြင်းတွေ
ကျလုငယ်ဖြစ်နေတဲ့ မျက်ရည်တွေ
ဖြူဖွေးတဲ့ အသားရေပေါ်က
နီရောင်သန်းလာတဲ့ မျက်ခမ်းစပ်တွေ
စိတ်ရဲ့ ဒဏ်ရာ အနာစိမ်းတစ်ခု
ဖြစ်တည်ပြီးမှ သွေးစိမ်းရှင်ရှင် မထားခဲ့ပါနဲ့ 
လူးလားသွားလာခဲ့ဘူးတဲ့ ခြေလှမ်းတွေ
ရပ်တန့် လိုက်ပြီလား….။
ရပ်တန့် သွားမှာလား….။
အမြင်မှာတွေးရင်း ဆွေးချင်းတွေနဲ့ 
ကလူလို့ မြူကာဆော့
ခုတော့…ငါ့ရင်မှာ ဟင်လင်းပြင်ပေါ့……။

No comments:

Post a Comment