ကဗျာချစ်သူ
!-kp-3နည်းပညာ-http:> !-kp3နည်းပညာ-http:>
!-kp-3နည်းပညာ-http:>
♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫
HTML text code
April 3, 2012
လှမ်းခဲ့ပြီ အမေ့ဆီ
ကဲ မေမေရေ
ဒီတစ်ခါတော့ မေမေ့အလှည့်ရောက်ပြီလား
အားငယ်နေပေမယ့် နည်းနည်းမှ မငြူစူ
အတူတူအားပေး ခွပ်ဒေါင်းတို့ အမေအတွက်….။
ကိုယ်တိုင်လည်း မောပမ်း
ဘ၀ ၀န်တွေ ထမ်းရင်း
ကြမ်းတမ်းတဲ့ ကန္တာရ
တစ်ယောက်တည်း ခရီးဆက်နေရပေမဲ့
မလှတဲ့ ငါ့ဘ၀လို့
အထီးကျန်အဖော်မဲ့
မငိုခဲ့တဲ့ မေမေ
အေးချမ်းပါစေ ခွပ်ဒေါင်းတို့အမေ… တဲ့။
မေမေ့ရဲ့ သား
အလကားမဟုတ်
နိုင်ငံအတွက် အားထုတ်နေသူ
လူရှုပ် လူပွေမဟုတ်
ရတနာထုပ်လေးပါကွယ်…တဲ့။
ဒီသားက မေမေရယ်
မေမေ့အနား မနေပေမဲ့ မေမေ့ အားတွေတော့ယူခဲ့
လူထဲကလူ အတူတူ မဟုတ်ချင်
အနေစုတ်ပေမဲ့ ရွှေထုပ်တဲ့ မြပုဝါတော့ ဖြစ်ချင်ရဲ့
အမှတ်တမဲ့ ပစ်ထား မေမေ့သားလေ
တာဝန်တွေကြား မအားခဲ့ပေမဲ့
အလွမ်းများနဲ့ မဝေးခဲ့ပါမေမေ
မေမေရဲ့ ချိုသာတေး
ရင်ခွင်နွေးဆီ
အပြေးပြန်လာတော့မယ်နော် ။ ။
မနိုး
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment