ငါ ခဏခဏတွေးတဲ့
စိတ်ကူးထဲမှာ
ငါ့ ဘ၀ထဲကနေ
နင့်ကိုထုတ်ပြီး
မြေမြှပ်သင်္ဂြိုလ်ဖို့ လည်းပါတယ်။
ငါ ခဏခဏမက်တဲ့
အိပ်မက်ထဲမှာ
နင့်ရဲ့ အေးစက်တဲ့ ရင်ဘတ်ထဲက
မအောင်မြင်ပေမယ့်
ရုန်းထွက်ဖို့ ကြိုးစားခဲ့တာလည်းပါတယ်။
ငါ ခဏခဏရေးတဲ့
ကဗျာတွေထဲမှာ
နှလုံးသွေးစက် မှင်ဖြစ်ပြီး
မပြည့်စုံတဲ့ အချစ်အကြောင်း
ဖွဲ့ နွဲ့ ခဲ့တာလည်းပါတယ်။
အားလုံးရဲ့ နိဂုံးမှာ
ငါ့ရဲ့ .... ဈာပနာလည်း
ပါ .... တယ်။
( ဧကရီ )
Myeik Magazine No.31,2011
No comments:
Post a Comment