♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

March 13, 2012

၂၄ နှစ် အလွမ်း

 အတိတ်တွေက ရှေ့ကို ဆက်တက်နေပြီး
အနာဂတ်တွေက လမ်းတ၀က်မှာ ရပ်နေ
ပစ္စုပန်က ပျောက်ဆုံး
အမှောင်ဖုံးထားတဲ့ အလင်းရောင်တွေအောက်မှာ
ပြားပြားဝပ်နေတဲ့ မျှော်လင့်ချက်တွေ အရည်ပျော်သွား
ပျော်ရာမှာ မနေရတဲ့သူတွေ
တော်ရာဆိုတာလည်း မရှိ
လူမသိ သူမသိ ပျောက်သွားတဲ့ ၀ိဥာဉ်တွေ
စိတ်လေကာ လျှောက်မသွားရအောင် 
ညီနောင်များတို့ရေ 
သာဓုသာ ခေါ်တော့
တို့ များရဲ့ ကုသိုလ်တွေ။ ။
  **** မမေ့နိုင် မမေ့ကောင်းတဲ့ အတိတ်ဟောင်းက သူရဲကောင်းများ သို့ ***
အန်တီလေး ရွှေမြေသူ 

No comments:

Post a Comment