ဆုံမှတ်တစ်ခုရဲ့ လွဲချော်မှုဆိုတာ
ကိုယ့်အတွက်တော့ မဖြစ်ချင်တာတွေထဲက
ဖြစ်သင့် ဖြစ်ထိုက်တဲ့
ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။
ကိုယ်တို့တွေရဲ့ ဆုံမှတ်တွေ လွဲချော်သွားတဲ့ခါ
“ ” ဘာဆက်လုပ်မလဲ ဆိုတဲ့
သူ၏ မေးခွန်းသည် ကဗျာမဆန်နိုင်ခဲ့ပါဘူး။
ကဗျာ၏ဖြစ်တည်မှုကို သူ မယုံကြည်နိုင်ခဲ့သလို
ရင်ဘတ်ထဲက ရုန်းကန်လှုပ်ရှားသံကို
သူသည် ကြားနိုင်လိမ့်မည် မဟုတ်။
သုံးရာသီစာ ထုပ်ပိုး သိမ်းဆည်းထားခဲ့ရသော
အလွမ်းတို့ကလွဲပြီး မျှော်လင့်ချက်မရှိခဲ့ပါဘူး။
ကိုယ့်မှာ ဆန္ဒတွေရှိသည်
……………………
သူ့ကို ကိုယ်မည်မျှ လွမ်းဆွတ်သတိရကြောင်း
တယုတယ ပြောရဦးမည်
သူ့ကို ကိုယ်မြတ်မြတ်နိုးနိုး ချစ်ခဲ့ရကြောင်း
တိုးဖွညင်သာ ပြောရဦးမည်။
မမ
မမ
No comments:
Post a Comment