အနာဂတ်ကိုမျှော်တွေးရင်း
ပစ္စုပ်ပန် ကိုတည့်တည့်ရှု့ရင်း
သတိရခြင်းတွေက ရင်ကိုရှိုက်ခတ်
မျက်ဝန်းအိမ်မှာသီဖွဲ့ 
ဘယ်ရင်အုံတွင်းလှိုက်ဖို
တလှိမ့်လှိမ့်တက်လာတဲ့ ရင်တွင်းဖြစ်အင်
သိနိုင်ပါ့မလားထင်….။
ခံစားခဲ့ဘူးလား….။
ခံစားတတ်ခဲ့လား…။
ခံစားတတ်ရဲ့လား….။
ရင်မှာ အကြိမ်ကြိမ် မေးခွန်းတွေဆင့်မိ
မတွေ့ ရ နှစ်လတာရှည်
ပုံဖေါ်ကာသွန်း
မျက်အိမ်တွင်း ၀င်လာ
ရုပ်လွှာ ဖရောင်း
ပုံတူထုစစ် အသစ်မဖြစ်ခဲ့
လက်ကလေးသာ ဝှေ့ ယမ်း
နဖူးမျက်လွှာ
နှာတံနဲ့ နှုတ်ခမ်းတော်
ပါးမို့ မို့ နဲ့  လည်တိုင်မကျန်
လေမှာသာဝဲ
ထိတွေ့ သလိုသာ ထင်ရောင်
အယောင်ယောင်မှားမှား
ခုတော့လေ တစ်ယောက်ထဲ
လွမ်းပြီးရင်း လွမ်းလျှက်
No comments:
Post a Comment