♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

March 30, 2012

မြိတ်မြို့ ကမ်းသာ



မြိတ်ကမ်းသာမှ ၊ ရှုတိုင်းလှသည်
မြို့ပြပင်လယ် ၊ ကြည်နှုးဖွယ်
မြူငွေ့မှုန်ဝေ ၊ တောတောင်တွေစိမ်း
လေပြည်ကမြူး ၊ လှိုင်းကလူးသည်
ပျော်မြူးဖွယ်ရာ ပထော်ဦး။


ပထော်ပထက် ၊ ရင်ချင်းဆက်၍
ညီအစ်ကိုလို ၊ အချစ်ပိုသည်
မြိတ်ပျိုဖြူများ ကဲ့သို့တည်း။

တော်တော် ထိပ်ဖျား ၊ စေတီများနှင့်
တရားရိပ်ခို ၊ သက်ကြီးအိုတို့
နားခိုရာမှ ၊ ပြန်လည် "တ" လျက်
ငယ်ဘ၀ကို ၊ အောက်မေ့လိုသည်
နုပျိုလှပ ၊ ရှုမ၀တဲ့
မြို့ပြကမ်းသာ အလှကြောင့်။
 
မြိတ်ရွှေပုလဲမြေ

No comments:

Post a Comment