!-kp-3နည်းပညာ-http:>
!-kp3နည်းပညာ-http:>
!-kp-3နည်းပညာ-http:>
March 7, 2012
လွမ်းတတ်နေပါပြီ
ကျွန်တော်ငယ်ငယ်
ခလေး လေးဘဝ
တနသာင်္ရီကမ်းရိုးတန်းရဲ့
လှေငယ်လေးပေါ်မှာ
အဖေ နှင့် အမေ
ဘ၀တေးတွေဆိုလို့ 
မပြည့်စုံပေမယ့်လည်း
တွေ့ ကြုံနေရတဲ့
လောကဓံထဲမှာတော့
နိဗ္ဗာန်ဘုံလေးတခုလိုဘဲ့ပေါ့။
ဒီလိုနဲ့ နှစ်တွေကြာ
အသက်ကလေးကလည်းရလာ
အများအလယ်မှာ
သားလည်းတင့်တယ်နိုင်ဖို့ 
တနေကုန် ပင်ပန်းစွာရုန်းလည်း
မွဲသထက် မွဲနေဆဲပါပဲ့လေ။
"အမေကမေးတယ် မြင်လားတဲ့"
သင်မှသိတဲ့ အတတ်ပညာနဲ့ 
အမေတို့ ဘ၀ကို
မြင်အောင်ကြည့်ပါတဲ့။
အာပေါက်အောင်ပြောလည်း
ကျွန်တော် နားမထောင်ခဲ့ဘူးလေ။
အခုတော့
တန်ဖိုးရှိတဲ့စကားလေးတခွန်းကို
အချိန်လွန်အသိက
ဘာမှလုပ်မပေးနိုင်ခဲ့ဘူးလေ။
တချိန်တုန်းက
မိစုံ / ဖစုံ နဲ့ 
နိဗ္ဗာန်ဘုံလေးတခုကို
ရက်စက်စွာကျောခိုင်း
ထင်ရာစိုင်းခဲ့တဲ့ သားမိုက်
နောင်တတွေ တပွေ့ တပိုက်နဲ့ 
အမေရှိတဲ့ မွေးရပ်မြေ
မြိတ်(ဘိတ်)မြို့လေးကို
ကျွန်တော် လွမ်းတတ်နေပြီလေ။
ဖိုးခွား(ဘိတ်သားလေး)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment