အာဇာနည်မျိုး မိန်းမမြတ်တစ်ယောက်
ကြောက်သွေးမပါ ဒူးမတုန်ဘဲ
ပြည်သူအတွက် ကိုယ်ကျိုးစွန့် လို့ 
မားမားမတ်မတ် ရပ်တည်ခဲ့တာ
၂၃ နှစ် ကြာခဲ့ပါပြီ။
ဒါပေမယ့်လည်း မိစ္ဆာရန်သူ
စစ်ဘီလူးရဲ့ လက်နက်အားကိုး
ကြီးစိုးချယ်လှယ် ဖိနှိပ်မှုကြောင့်
တန်ဖိုးမြင့်မြတ် ဖြူစင်လှတဲ့
ကြာဖြူတစ်ပွင့် နွံ့ အိုင်ထဲမှာ
၁၈နှစ်ကျော် နစ်မျှောခဲ့ရရှာတယ်။
သို့ လေသော်လည်း တိုင်းပြည်အတွက်
အားမတန်လည်း မာန်မလျော့ပဲ
ကိုယ်ကျိုးစွန့် တဲ့ သူ့ ရဲ့စေတနာ
ထင်ထင်ရှားရှား ရောင်ပြန်ဟပ်တော့
ယခုအချိန် သူပြန်လာပြီ
" ပန်ထွာ ဧကရီ "
လာပြီ လာပြီ အာဇာနည်မျိုး
လူထုခေါင်းဆောင် အမေစု တစ်ယောက်
ခွပ်ဒေါင်းအလံ လေမှာလွင့်လို့ 
မြန်မာတိုင်းပြည် နိုင်ငံတော်အတွက်
အားကြိုးမာန်တက် သူဆောင်ရွက်ပြီ။
ကျွန်ုပ်တို့ ညီအစ်ကို တိုင်းရင်းသားများ
စုပေါင်းညီညာ လက်တွဲကြပြီး
သွေးရင်းမောင်နှမ ဘေးက၀ိုင်းရံ
ဇွဲ နှင့်ချီမည် ရွေးကောက်ပွဲဆီ။
နောင်အနာဂတ် မြန်မာပြည်ဖွား
သား/သမီးတွေ မျိုးဆက်အတွက်
ကျွန်ုပ်တို့ တာဝန် ရောက်လို့ လာပြီ
ဒီတာဝန်ကို ကျေပွန်စေဖို့ 
ဒေါင်းအလံကို ခေါင်းမှာစည်းပြီး
NLD အတွက် မဲထည့်ကြပါစို့ ။
မှတ်ချက် ။ ။ ကဗျာစာသားများတွင် " အမေစု" အား ကဗျာနှင့် ဆီလျှော်အောင် (သူ .. မိန်းမမြတ် ) ဆိုသည့် စာလုံးများနှင့်
ခိုင်းနှိုင်းရေးထားပါသည်။ ကျွန်ုပ်အား စာရေးတာ ရိုင်းတယ်ထင်မည်စိုးပါသဖြင့် ကြိုတင်တောင်းပန်အပ်ပါသည် ခင်ဗျား။
No comments:
Post a Comment