နှုတ်ဆက်ခဲ့ပါတယ် ချစ်သူ
မင်းနဲ့ ပတ်သက်သမျှ
အရာရာကို နှုတ်ဆက်လိုက်ပါပြီ..။
မင်းနဲ့ ပတ်သက်သမျှ
အရာရာကို နှုတ်ဆက်လိုက်ပါပြီ..။
ငါ့ရင်ဘတ် နှလုံးသွေးစက်တိုင်းမှာ
စွန်းထင်နေတဲ့ တစ်ခုတည်းသော
နင့်နာမည်ကိုလည်း
မရရအောင် ဖျောက်ပစ်တော့မှာပါ ချစ်သူ...။
စွန်းထင်နေတဲ့ တစ်ခုတည်းသော
နင့်နာမည်ကိုလည်း
မရရအောင် ဖျောက်ပစ်တော့မှာပါ ချစ်သူ...။
ငါနဲ့ ပတ်သက်သမျှအရာရာကိုလည်း..
အရင်လိုပဲ
စွန့်ပစ်နိုင်ပါစေ
အရင်လိုပဲ
စိမ်းကားနိုင်ပါစေ ချစ်သူ..။
အရင်လိုပဲ
စွန့်ပစ်နိုင်ပါစေ
အရင်လိုပဲ
စိမ်းကားနိုင်ပါစေ ချစ်သူ..။
နင့်ကြောင့်
ငိုကြွေးခဲ့ရတာတွေ
နင့်ကြောင့်
နေ့ရက်တွေထဲ ခေါင်းမဖော်နိုင်ခဲ့တာတွေ
နင့်ကြောင့်
နေ့ရက်တွေထဲ ခေါင်းမဖော်နိုင်ခဲ့တာတွေ
ငါ မခံစားနိုင်တော့ဘူး ချစ်သူ...။
နင်မပါတော့တဲ့ လမ်းတွေပေါ်
ငါ တစ်ယောက်တည်း ထွက်သွားပါတော့မယ်
နှုတ်ဆက်ခဲ့ပါတယ် ချစ်သူ...။
Sunday, December 4, 2011 at 4:38pm ·
No comments:
Post a Comment