♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

May 28, 2012

White Love

မခံစားတတ်ခဲ့ပါဘူး  
တစ်ထောင့်ငါးရာ ချစ်တတ်ခဲ့သည်။
တစ်ထောင့်ငါးရာ မက
တဏှာပေမ မနှစ်ခြိုက်တတ်
ချစ်တတ်ခဲ့သမျှ ထာဝရ
ကမ္ဗည်းရေးလို့  မော်ကွန်းထိုးနိုင်သည်။
ချစ်သထက်ချစ်တတ် လွမ်းဆွေးတတ်ပြီ
ဝမ်းနည်း ပူဆွေး သောက ညီတူမျှလို့ 
သံယျောဇဉ်ကြိုး ချည်နှောင်တိုးလည်း
မပြောင်းမလဲ ချစ်တတ်သည်
 ဖြူစင်သော အချစ်များ
မြင်လှည့်ပါလား
ပန်းတခင်းပမာ ပဿာဒ
ပွင့်လန်းလျှက်သာပ
နှစ့်ဆယ့်လေးနာရီ မက 
ပွင့်တတ်တဲ့ ပန်းပမာ
လန်းဆန်းစွာ ထာဝရ ချစ်တတ်နေတာ
သတိရခြင်း အစဉ်ရှိစွာ
မမေ့ထာဝရ ချစ်ခင်လျှက်ပါ
 ဝေဒနာတွေလည်း သိနားလည်
ခွင့်လွှတ်ကာ အနှိုင်းမဲ့ ချစ်တတ်နေခဲ့
ရောင်စုံည အလင်းတွေထက် လင်းလက်
ဆန္ဒ နဲ့  ဘ၀ တထပ်တည်းကျ
နှင်းတွေဝေလည်း ချစ်
ပန်းတွေဖွေးလည်း ချစ်
လေညှင်းသွေ့လည်း ချစ်
မိုးမှုန်စက်ကြွေလည်း ချစ်
မိုးသက်လေပြင်း လွေးလည်းချစ်
ရွက်နုလည်းဝေ ရွက်ဟောင်းကြွေ မြေခ လေသမလည်းချစ်….
Love is God
Love is Life
Thus…I Love You so much Forever White!

No comments:

Post a Comment