“ မမေ့နေဘူး ချစ်ဦးသ္ခင် ”
မဆုံဖြစ်ခဲ့ ရက်လတွေ ဆက်
နှစ်ကုန်လို့ သာ တနှစ်ကူးခဲ့
အသစ်အဖူးတွေ ကြွေပျက်ဝေလည်း
အိုမင်းဟောင်းတဲ့ ဒဏ္ဍာရီပုံပြင်
မမေ့ခဲ့ဘူး ချစ်ဦးသ္ခင်။
အတိတ်သမိုင်းကြောင်း
လမ်းဟောင်းက ကောက်ကြောင်း
ငေးကြည့်ကာလေ ဆွေးမြေ့နေဆဲ
ပြောခဲ့ဘူးတဲ့ ခွန်းသွဲ့ စကားတွေလည်း
မမေ့ခဲ့ပါဘူး ချစ်ဦးသ္ခင်ရယ်။
ပြက္ခဒိန်စာရွက် တစ်ရွက်ပြီးတစ်ရွက်သာ စုတ်ဖြဲ
တွေ့ ဆုံကြုံမဲ့ နေ့ တွေလည်း ကုန်ဆုံးသွားနေမြဲ
အဟောင်းအနွမ်းတွေ ဆုတ်ပြတ်ခွေနေသလိုသာ
ငါ့ရင်ထဲမှာလည်း နွမ်းလျှနေပြန်
အရောက်မလှမ်းလာတဲ့ ရက်စွဲတွေကိုသာဘဲ
တမ်းတမှန်းဆ ရင်းသာ
မေ့မနေဘူး ချစ်ဦးသ္ခင်ရယ်….။
No comments:
Post a Comment