ကိုယ် ကမ်းခွင့်မရခဲ့တဲ့
မင်းရဲ့ လက်ကလေးတွေ
ဘယ်သူက ဆုပ်ကိုင်သွားပြီလဲ...
ကိုယ် မြတ်နိုးခဲ့ရတဲ့
မင်းရဲ့ ပါးပြင်ကို
ဘယ်သူက နမ်းရှိုက်သွားပြီလဲ...
ကိုယ် ကြားခွင့်မရခဲ့တဲ့စကား
မင်းရဲ့ နှုတ်ဖျားကနေ
ဘယ်လို ယောက်ျားတစ်ယောက်ကို
ချစ်တယ်လို့ပြောဖူးပြီလဲ...
ကိုယ့်မှာတော့ အိပ်ရေးပျက်
မင်းရဲ့ အိပ်မက်တွေကိုတော့
တစ်ယောက်က သိမ်းသွားပြီလား...
မာယာများတဲ့
လောကဟင်းလင်းပြင်ထဲ
တောင်ပံစမ်းဖို့ ပျံသန်းခဲ့တာ
မင်းလေး...မောပန်းခဲ့ပြီလား
ဘယ်တုန်းကမှ မကြားခဲ့ရတဲ့
မင်းနှလုံးသားရဲ့ ပဲ့တင်သံ
ပြန်လည်ခံစားခွင့်ရဖို့
ဒါမှမဟုတ်
ကိုယ့်ရဲ့နှစ်ချို့ အိပ်မက်တွေ
ရှင်သန်နိုးထဖို့ရော
မျှော်လင့်ချက်ဆိုတာ ရှိဦးမလား...
ခါးသက်တဲ့အတိတ်က
နာကျင်ဆဲရင်အုံကို
ထပ်ထပ်ပြီး နှိပ်စက်နေဆဲ
ဒဏ်ရာကလည်း
ပိုပိုပြီး နက်ရှိုင်းလာတယ်...
ငါ ပျိုးခဲ့တဲ့ ပန်း
တစ်စုံတစ်ယောက် လက်မှာ
နွမ်းကြေခဲ့ပြီလား ......???
ကဗျာ

No comments:
Post a Comment