!-kp-3နည်းပညာ-http:>
!-kp3နည်းပညာ-http:>
!-kp-3နည်းပညာ-http:>
April 13, 2012
ပိတောက်တစ်ခက် ချစ်သူ့လက်ဆောင်
ဒီ - နှစ်အတာ နှစ်ဦးသစ်အကူးမှာ
ကိုင်းဖျားထက်က ပိတောက်တစ်ခက်
ချစ်ဦးသူရဲ့ ပိတုန်းရောင်ကေသာ ခေါင်းထက်ဆီမှာ
ပန်ဆင်ချင်တယ်....ချစ်ဦးသူရယ်။
မနှစ်က အတာတန်ခူးမှာ
နောင်နှစ်ခါ ဒီချိန်ရောက်ရင်
ချစ်သလား မုန်းသလား
ကြားချင်တဲ့အဖြေ မေ - ပေးမယ်....ဆို။
တကယ်ပါ....အတာတန်ခူးရောက်တော့မှာမို့
ဒို့ - စိတ်တွေလှုပ်ရှား
ဒီ - နှစ်အတာတန်ခူးမှာ
ချစ်တယ်လို့ သူ့ဆီကအဖြေကြားရင်
ကိုင်းဖျားထက်ဆီက ပိတောက်တစ်ခက်
ချစ်ဦးသူရဲ့ နက်မှောင်မှာင် ပိတုန်းရောင်ကေသာထက်ဆီမှာ
ပန်ဆင်ချင်တယ်....ချစ်ဦးသူရယ်။
ကိုဗလိုင်
အတာတန်ခူးမှာ အားလုံး ပျော်ရွှင်မှုအပေါင်းနဲ့ ခန့်ညောင်းနိုင်ကြပါစေ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Subscribe to:
Post Comments (Atom)


No comments:
Post a Comment