♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

April 9, 2012

ကာရံမဲ့ အနွမ်း


လျှောက်ခဲ့တဲ့လမ်း
မရောက်သေးတဲ့ စခန်းကလွှဲရင်
ဖြောင့်တန်းနေဆဲပါ ....
ခေတ်ပျက်က ဖြစ်ခဲ့ရလူမို့ 
သက်ပြင်းချသံအောက်က
ခေါင်းကိုသာ ငုံ့ လို့ လျှောက်ခဲ့ပေမဲ့
ကြပ်လို့ သာ  ကျဉ်းကာလာတဲ့
ကမ္ဘာ့နံရံ တည့်တည့်ကိုမှ
တိုးလို့ သာ တိုက်လိုက်မိတော့
ဟုန်းဟုန်းထ လှိုင်းဂယက်ထဲ
ရုန်းရင်းဆန်ခက် ... ၀ဲပျံနေပေါ့
ရာဇ၀င်အိုနဲ့  သမိုင်းခါးခါးများ ....။

ခေတ်သစ်ကာရံကို နွမ်းစေတဲ့
ကမ်းနား သစ်ပင်လို
ကံကြမ္မာရဲ့ ခရီးသွားဧည့်သည်ကြီး
နွေကန္တာရထဲ
အပြုံးကို အမုန်းနဲ့ ဆိတ်သုဉ်း
ပြည်သူကိုအံတု
ခွပ်ဒေါင်းကို မာန်ပြု
ဧရာဝတီကို ရန်စုပြီး
ရက်စက်တဲ့ လက်နဲ့ 
မျက်ရည်တွေကို ခပ်ထုပ်ပြီးကာမှ
ကြယ်ကြွေ ညမိုက်
လ အလိုက်မှာ
ဆုတောင်း`သမှု´ဟန်ကိုပြုရင်
အဖြူရောင် နှလုံးသားနဲ့ 
ငြိမ်းချမ်းတဲ့ ကြယ်စဉ်လေးတွေ
မကြွေရဲလို့ 
ငိုလိမ့်မယ် ....။

အမိုး ~~ Robina Lwin

No comments:

Post a Comment