အမိုး(အမေ) .... ရာသီတွေပြောင်းလို့ နှစ်တွေလည်းကြာခဲ့ပြီနော် ယခုချိန်ဆို အမိုးရုပ်လွှာ အိုမင်းရင့်ရော်လို့ အလှတရားတွေ
ပျက်ပြယ်ပြီလားဆိုတာ အမေ့ ရဲ့ အကြောင်းတွေးလိုက်မိတဲ့ချိန်တိုင်း အရမ်းဝမ်းနည်းခဲ့ရတယ်။ အမိုးရယ် ဘယ်ဘ၀ကရေစက်
ကြောင့် ယခုဒီလိုဘ၀မှာ အမေ နှင့် သား အသက်ကိုယ်စီရှုနေပေမယ့်လည်း တစ်ယောက် တစ်နိုင်ငံစီဝေးကွာလို့ ရှင်ကွဲ ကွဲနေ
ရတာလည်းနော် .. သားလေ အမေ့ကို သတိရတမ်းတသလို အမေလည်း သားကို လွမ်းဆွတ်လို့ အမေ့ရဲ့ပါးပြင်နှစ်ဖက်ပေါ်မှာ လွမ်းမျက်ရည်စိုနေပြီဆိုတာကို သားသိပါတယ် အမေ။
သားကိုလေ အသက်နှင့်ရင်းပြီး အမေ့ဗိုက်ထဲမှာ ပင်ပန်းဆင်းရဲခံလို့ လူ့ လောကကြီးထဲခေါ်ဆောင်လာခဲ့တဲ့ အမေ့ရဲ့ အနှိုင်းမဲ့
မေတ္တာတရားတွေကို အမေ ဘယ်လိုအခြေအနေမျိုးရောက်နေပါစေ ထာဝရဂုဏ်ယူဝမ်းမြောက်နေမှာပါ။ သားလေးကို မွေးပြီး
၈လအရွယ်မှာ သားရဲ့ အနာဂတ်ဘ၀တသက်လုံးအတွက် အဖေ မရှိတော့ဘူးဆိုတာ အမေ သိရတဲ့နေ့ ကစပြီး (အမေ ဆိုတာ
လည်း အမေ..အဖေ ဆိုတာလည်း အမေ) အမေ တစ်ယောက်တည်း လောကဓံတရားကိုပင်ပန်းကြီးစွာရင်ဆိုင်ခဲ့ပြီး အမေ နှင့်
သားတို့ ခွဲခွာခဲ့ရတဲ့အချိန် နောက်ဆုံး တစက္ကန့် အထိ အမေ ရှာကျွေးခဲ့တယ်နော်။ အမေ ရယ် သား အပြန်လမ်းကို တဲအိုလေး
(အမိုး နှင့် ဖိုးခွားလေးတို့ အတွက် နိဗာန်ဘုံလေး) ရဲ့ တံခါးဝလေးမှာထိုင်ပြီး စောင့်မျှော်နေရောပေါ့။
မွေးရပ်မြေကို ခြေချပိုင်ခွင့်ရတဲ့တနေ့ အမေ့ရင်ခွင်ဆီ သား အမြန်ဆုံး ပြေးဝင်လာခဲ့ပါ့မယ်နော် .. သားလေ အမေ့ ရဲ့ ကြီးမား
လှတဲ့ ကျေးဇူးတရားတွေကို သဲတပွင့်လောက်ဘဲဖြစ်ဖြစ် ပြန်ဆပ်ခွင့်ရချင်တယ်ဗျာ။ အမေ နှင့် သား ဝေးကွာခဲ့ကြရတာ ဘာ
လိုလိုနဲ့ နှစ်ပေါင်း၂၀ ပြည့်တော့မယ် ဒီတနှစ် တန်ခူးလရာသီ ရက်မြတ်သင်္ကြန်ဆိုရင် နှစ်၂၀ပြည့်ပြီဆိုတာ အမေ နှင့် သားတို့ 
ကိုယ်စီရင်ထဲမှာ မှတ်မှတ်ယယ ကိန်းအောင်းနေမှာပါနော်။သင်္ကြန်ချိန်ခါ တန်ခူးလမှပွင့်တဲ့ ဒီ ပိတောက်ပန်းကို အရမ်းမုန်းခဲ့ရ
သလို သင်္ကြန်နေ့ တနေ့ မုန့် ထိုင်ရောင်းနေတဲ့ အမေ့ရဲ့ဆံကေသာမှာနောက်ဆုံးပန်ပေးဖူးခဲ့တဲ့ ဒီပန်းပိတောက်လေးကို အရမ်း
ချစ်ခဲ့တယ် အမေ။ အခုသားတို့ နေတဲ့အိမ်ရှေ့နားက ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းဖူးလေးတွေပွင့်နေပြီ (ယခုချိန် မြန်မာ
ပြည်မှာတော့ ပွင့်/မပွင့် ကျွန်တော်မသိပါ) ... အမေ အိမ်ရှေ့ထွက်လိုက်တာနှင့်မြင်နေရတဲ့ ဒီပိတောက်ပန်းကို ရင်မဆိုင်ရဲလို့ 
သားလေ အိမ်ရှေ့မထွက်မိအောင် ကြိုးစားခဲ့ပါသေးတယ် .. ၁ရက်
၂ရက် အောင်မြင်ပေမယ့်လည်း ၃ရက်မြောက်တော့ သား ကြိုးစားမှုတွေဟာ မအောင်မြင်ခဲ့တော့ဘူး
လုံးဝ(လုံးဝ) မထွက်မနေရဆိုတဲ့အမိန်
့ကို ဘုရားသခင် ဖန်ဆင်းလိုက်တယ်လို့ 
ထင်ပါတယ်။
ထင်ပါတယ်။
အဲဒါနှင့် သစ်ပင်မတက်တတ်တဲ့ သားလေ ကြိုးစားပြီး ပိတောက်ပန်းလေးတခက်ခူးပြီး အိမ်နားကဈေးမှာ မုန့် ရောင်းနေတဲ့ အမေ့နှင့် သက်တူ - ရွယ်တူ အဒေါ်ကြီးတဦးကို သွားပန်ပေးခဲ့တယ်။ အစ ပထမတော့ရုန်းကန်ပေမယ့် ကျွန်တော့်ကို မြင်
တော့ (သားနှင့်မိသားစုတွေလို ရင်းနှီးပါသည်) ဘာမှမပြောတော့ဘဲ ကြောင်တောင်တောင်ကြည့်နေတော့တယ်..ဘေးနား
က ဈေးသည်တွေအားလုံးလိုလိုက "ยอด .. เธอจะบ้าหรือป่าวก็ไม่รู้" (အရော့ ရူးသွားပြီလားမသိဘူး) ရီပြီးတော့ ၀ိုင်းပြော
ကြတယ်လေ။ အဲဒီတခဏချိန်ခါလေး ကျွန်တော့်ရင်ထဲမှာ အတိုင်းမသိပျော်ရွှင်ခဲ့ရတယ် .....................
(အမေကိုရည်ရွယ်ပြီးပန်ပေးခွင့်ရလိုက်တဲ့ ပိတောက်ပန်းလေးရေ နင့်ကိုလေကျေးဇူးတင်ပါတယ်ဗျာ)
တခဏအချိန် ပျော်ရွှင်ခြင်းတွေရဲ့ နောက်ပိုင်းတော့ အရင်တုန်းကလိုဘဲ အမေ့ကိုလွမ်းတဲ့စိတ်နှင့် စီးဆင်းလာတဲ့ ဒီမျက်ရည်
တွေကို လူတွေရဲ့နောက်ကွယ်မှာ သားတစ်ယောက်တည်း ခိုးခိုးပြီး ငိုနေရပြန်ပြီ အမေ ….။
>>> နွေရာသီရဲ့ နေပူပူမှာ သဘက်လေးခေါင်းပေါ်တင်လို
့မုန့် ထိုင်ရောင်းပြီး သား အပြန်ကို စောင့်မျှော်နေရရှာတဲ့
အမေ ….
>>> နွေကုန်လို့ မိုးရာသီ မိုးတွေရွာလာတော့ မလုံတဲ့အိမ်ခေါင်မိုးတွေကြားကနေ ယိုစိမ့်ကျလာတဲ့ မိုးရေတွေကို ရှောင်တိမ်း
လို့ တစ်ယောက်တည်း အားငယ်စွာ မနက်ဖြန်ခရီး ဘယ်လိုရင်ဆိုင်မလဲဆိုတာ တွေဝေစွာစဉ်းစားနေရရှာတဲ့ အမေ ….
လို့ တစ်ယောက်တည်း အားငယ်စွာ မနက်ဖြန်ခရီး ဘယ်လိုရင်ဆိုင်မလဲဆိုတာ တွေဝေစွာစဉ်းစားနေရရှာတဲ့ အမေ ….
>>> ဒီလိုနဲ့ ပဲ ဆောင်းရာသီရောက်လာပြန်တော့
သဘာဝတရားအတိုင်း ချမ်းအေးလှတဲ့ ည တွေမှာ ဟောင်းနွမ်းနေပြီဖြစ်တဲ့
စောင်ပါးပါးလေးကိုခြုံပြီး “ ဖိုးခွားလေး ဘယ်နေ့ ပြန်လာမလဲ ” ဆိုတာကိုတွေးပြီး အိပ်မပျော်ဖြစ်နေရရှာတဲ့ အမေ ….
စောင်ပါးပါးလေးကိုခြုံပြီး “ ဖိုးခွားလေး ဘယ်နေ့ ပြန်လာမလဲ ” ဆိုတာကိုတွေးပြီး အိပ်မပျော်ဖြစ်နေရရှာတဲ့ အမေ ….
အမေ့ရင်ခွင်မှာ ခိုလုံပိုင်ခွင့် ပြန်လည်ရရှိလာမယ့် နေ့ ကစပြီး အမေ့အတွက် ကမ္ဘာသစ်တခု သား ထူထောင်မယ် ... ပြီးတော့ အဲဒီကမ္ဘာသစ်လေးမှာ အမေ့ကိုလေ “ အချမ်းသာဆုံး အလှဘုရင်မ ” အဖြစ် ချီးမြှင့်ပြီးတော့ သရဖူ ကို သားကိုယ်တိုင် ......
ဆောင်းပေးပါ့မယ်နော် ....
အမေ့အတွက် သား ရဲ့ ရည်မှန်းချက်တွေကို အဖဘုရားသခင်ကိုယ်တော်ရှင် ကောင်းချီးပေးပါစေသား ....
ဆောင်းပေးပါ့မယ်နော် ....
အမေ့အတွက် သား ရဲ့ ရည်မှန်းချက်တွေကို အဖဘုရားသခင်ကိုယ်တော်ရှင် ကောင်းချီးပေးပါစေသား ....
အကြောင်းအမျိုးမျိုးကြောင့် မွေးမေမေ နှင့် ရှင်ကွဲကွဲနေရတဲ့ သား/သမီး များအားလုံး အမြန်ဆုံး ပြန်လည်ခိုလုံခွင့်ရပါစေလို့ 
ဆုတောင်းလျှက် …. ဖိုးခွား(ဘိတ်သားလေး)
ဆုတောင်းလျှက် …. ဖိုးခွား(ဘိတ်သားလေး)
No comments:
Post a Comment