အမေဟာ လူတစ်စုရဲ့ ပြယုဒ်မဟုတ်
အမေဟာ လူထုရဲ့ ပြယုတ်စစ်စစ်ဖြစ်တယ်။
အမေဟာ NLD အောင်နိုင်ရေးခရီးစဉ်အတွက်
ထားဝယ်စည်းရုံးရေးခရီးစဉ်က အစ
နယ်ပေါင်းစုံ စည်းရုံးရေးခရီးစဉ်တွေထဲ
မညီးမညူ မောတယ်ပမ်းတယ် စိတ်ဝယ်မထားပဲ
တိုင်းကျိုးထမ်းရွက်နေသူပါ....အမေ။
ပြည်သူ့ဆန္ဒပေါ်လွင်စေမယ့် ရွေးကောက်ပွဲမှာ
၂၀၁၀ လို သူတို့ မလိမ်မညာဘူးဆိုရင်...
အသဲကြားက မဲတစ်ပြားဟာ NLD အတွက်ဆိုတာ
အမေ့စည်းရုံးရေးခရီးစဉ်တွေက သက်သေထူနေပါတယ်။
တချိန်က ၉၀ ရွေးကောက်ပွဲမှာ
စုမပါပေမယ့် စုနိုင်မှချမ်းသာမယ်ဆိုတဲ့
ကြွေးကြော်ခဲ့တဲ့ ပြည်သူ့အသံ
အခုလည်းပဲ....စုမပါရင်မပြီးတဲ့ မြန်မာ့နိုင်ငံရေးဇတ်ခုံထဲ
ပြည်သူတွေငြိမ့်ငြိမ့်သဲ ထောက်ခံနေဆဲပဲ....အမေ။
ဟော....ဟိုမှာကြည့်စမ်း
ဖုံတထောင်းထောင်းနဲ့ အပူကဲတဲ့နေရောင်အောက်မှာ
NLD အလံကို ဝှေ့ရမ်းလှုပ်ကိုင်စွဲပြီး အမေစုကျမ္မာပါစေ
အန်တီစု အသက်ရာကျော်ရှည်ပါစေ
ဒို့ - ချစ်တဲ့ အဖေတူတဲ့ အမေစု....ဆိုပြီး
လူကြီး လူငယ် ကလေး အရွယ်ပေါင်းစုံနဲ့
အလွှာအသီးသီးက လူတန်းစားတွေ
ဝမ်းသာအားရ ဆီးလို့ကြိုနေတာဟာ
NLD အောင်နိုင်ရေးအတွက်
နိမိတ်ကောင်း အတိတ်ကောင်းတွေပါပဲ...အမေ။
လူထုကြားမှာ အမြဲပြုံးပျော်နေတဲ့ ငါတို့အားလုံးရဲ့....အမေ
ဒုက္ခနွံထဲက ပြည်သူတွေကို ဆွဲတင်ကယ်ထုတ်မယ့်
ပြည်သူအများချစ်တဲ့ ငါတို့အားလုံးရဲ့....အမေ
တိုင်းပြည်အပေါ် ဖြူစင်စိတ်နဲ့
ပြည်သူအပေါ်တကယ့် အရိုးခံစေတနာစိတ်ထားပြီး
စည်းရုံးရေးခရီးစဉ် ဆင်းနေတဲ့ အမေ့ကို...လေ
ကျနော်ရိုးရိုးလေး တစ်ခုပဲ တခု တွေးမိလိုက်တယ်
သြော်....ဒီအချိန်လောက်ဆို
အသက်အရွယ်ရလာပြီးဖြစ်တဲ့ အမေစုတစ်ယောက်
အောင်နိုင်ရေးစည်းရုံးရေးခရီးစဉ်ထဲ ပင်ပန်းနွမ်းနယ်ရှာရော့မယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အသက်အရွယ်ရလာပြီးဖြစ်သော်လည်း ကျမ္မာရေးကိုဂရုမပြုပဲ ဖုံတထောင်ထောင်းနဲ့
အပူကဲတဲ့နေရောင်အောက်မှာ မမောနိုင် မပမ်းနိုင်ပဲ ပြည်သူတွေကြား ပြုံးပျော်ကြည်နှူး
နေတဲ့ အမေ့ရဲ့ရုပ်လွှာဟာ လောကဓံနဲ့ ခေတ်စနစ်ဆိုးရဲ့ ရိုက်ပုတ်မှုဒဏ်ကို ခံစားနေကြရတဲ့
ပြည်သူအများအတွက် တကယ့် အားဆေးကြီးတစ်ခွက်ပါပဲ....အမေ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
❃☆❋ ကိုဗလိုင် ❋☆❃ ( ဒီနေရာမှ ) ကူးယူထားပါသည်။






No comments:
Post a Comment