(မိန်းကလေးများသာ ဖတ်ရန်)
၁။ email / facebook password ကို သူ မပေးရင် မတောင်းပါနဲ့ ...
၂။ သူ့ ကို ယုံကြည်ပါ ...
၃။ သူ့ ကို အကျပ်မရိုက်ပါစေနဲ့ ...
၎။ သူ့ ကို စဉ်းစားခွင့်ပေးပါ ...
၅။ သူ့ ကို နားလည်ပေးပါ ...
၆။ သူ့ ကို စာနာပေးပါ ...
၇။ သူ့ ကို ဦးဆောင်ခွင့်ပေးပါ ...
၈။ သူ့ ဆီက အကြံဥာဏ်ရယူပါ ...
၉။ သူ့ ရဲ့မိသားစု ကို နားလည်ပေးပါ ...
၁၀။ သူ့ ကို ဘုကန့် လန့် မပြောပါနဲ့ ...
၁၁။ သူ့ ကို အထင်သေးတဲ့စကား မဆိုပါနဲ့ ...
၁၂။ အကြောင်းရင်းမရှိ အလကားနေရင်း စိတ်မကောက်ပါနဲ့ ...
၁၃။ သူ ဖုန်းဆက်ရင် ချက်ချင်းကိုင်ပါ ...
၁၄။ သူ မက်ဆေ့ခ်ျပို့ ရင် စက္ကန့် ၂၀ထက် ပိုမကြာပဲ အကြောင်းပြန်ပါ ...
၁၅။ online သုံးတဲ့အခါ သူရှိမရှိ အရင်ကြည့်ပါ ...
၁၆။ သူ့ ရဲ့ စေတနာစကားကို ပေါ့ပျက်ပျက် မလုပ်ပါနဲ့ ...
၁၇။ အမြဲတမ်း ကလေး မဆန်ပါနဲ့ ...
၁၈။ နေရာတကာ သူ့ ထက်သိတဲ့ပုံစံမျိုး မလုပ်ပါနဲ့ ...
၁၉။ မနက်တိုင်း နှုတ်ဆက်စကားဆိုပါ...အနည်းဆုံး မက်ဆေ့ခ်ျပို့ ပါ ...
၂၀။ သူနဲ့ တွေ့ တိုင်း အနမ်းပေးပါ ...
၂၁။ သူ့ မွေးနေ့ ကို မှတ်ထားပါ ...
၂၂။ သူ့ ရဲ့ လစာကို မမေးပါနဲ့ ...
၂၃။ သူ့ ရဲ့အိပ်မက်ကို ပျက်ရယ်မပြုပါနဲ့ ...
၂၄။ သူနမ်းတဲ့အခါ မျက်စိမှိတ်ထားပေးပါ...ဆံနွယ်တွေကို နမ်းခွင့်ပေးပါ ...
၂၅။ သူကြိုက်တတ်တဲ့အရာတွေကို မှတ်ထားပါ ...
၂၆။ သူ မကြိုက်တဲ့ပစ္စည်းတွေကိုလဲ စာရင်းပြုစုထားပါ ...
၂၇။ သူ မကြိုက်တဲ့အကျင့်တွေကို ပြင်ပါ ...
၂၈။ သူ့ မိဘတွေနဲ့ အဆင်ပြေအောင် နေပေးပါ ...
၂၉။ သူ ၀ါသနာပါရာ အလုပ်ကိုနားလည်ပေးပါ...အပြစ်မမြင်ပါနဲ့ သင့်ကို ဥပေက္ခာပြုထားတယ်လို့ မထင်ပါနဲ့ ...
၃၀။ သူ့ ရဲ့အကျင့်ကိုသိထားပေးပါ..တကယ်လို့ ပြင်စေချင်တယ်ဆိုရင် နားဝင်အောင်စေတနာထားပြီးပြောပါ..အော်ဟစ်ပြောဆိုခြင်း မလုပ်ပါနဲ့ ...
၃၁။ သူပြောတဲ့စကားတွေကို မှတ်ထားပေးပါ...
၃၂။ ချိန်းထားတဲ့နေရာမှာ သူ့ ကို နာရီဝက်ထက်ပိုမစောင့်ခိုင်းမိပါစေနဲ့ ...
၃၃။ ဘေးကျပ်နံကျပ်မေးခွန်းမျိုး မမေးပါနဲ့ ...
၃၄။ သူနဲ့ သွားတဲ့အခါ သူ့ ရဲ့ လက်ကိုချိတ်ထားပေးပါ..သူ ခါးဖက်တာခံနိုင်ရည်ရှိပါစေ ...
၃၅။ သူ online မှာရှိတဲ့အခါ ဘယ်ကောင်မလေးနဲ့ Qနေတာလဲ စသဖြင့်စကားတွေနဲ့ စတင်မထိုးနှက်ပါနဲ့ ...
၃၆။ သူ့ ရဲ့ ဆွေမျိုးတွေကို နားလည်ပေးပါ...တည့်အောင်နေပါ ...
၃၇။ သူ့ ဆွေမျိုးတွေရဲ့ အတင်းအဖျင်းကို သူ့ ကိုမပြောပါနဲ့ ...
၃၈။ ထမင်းမစားခင် သူ့ ကိုဖုန်းဆက်ပြီး ထမင်းစားပြီးပြီလားလို့ မေးပါ ...
၃၉။ သူနေမကောင်းတဲ့အခါ...ဆေးခန်းလိုက်ပို့ ပေးပါ ...
၄၀။ သူ အလုပ်အဆင်မပြေတဲ့အခါ..သင့်ရဲ့ဆန္ဒကို မျိုသိပ်ထားပေးပါ ...
၄၁။ သူ စိတ်ဓာတ်ကျတဲ့အခါ..အားပေးစကားဆိုပါ ...
၄၂။ သင် သူ့ ကို ဘယ်လောက်ချစ်ကြောင်း..အမူအရာများနဲ့ ပြသပါ ...
၄၃။ အရင်တုန်းက ရည်းစားဟောင်းနဲ့ သူ့ ကို မနှိုင်းယှဉ်ပါနဲ့ ...
၄၄။ သူ့ ရည်းစားဟောင်းအကြောင်းကို အကုန်လိုက်မမေးပါနဲ့ ...
၄၅။ အကြောင်းတစ်ခုခုရှိရင် သူနဲ့ တိုင်ပင်ပါ ...
၄၆။ ဈေးဝယ်ထွက်တဲ့အခါ..သူနဲ့ စကားပြောပါ..၀ယ်မဲ့အရာကိုပဲ အာရုံမစိုက်ပါနဲ့ ...
၄၇။ သူ့ မွေးနေ့ မှာ မွေးနေ့ လက်ဆောင်ပေးပါ ...
၄၈။ သူ့ မွေးနေ့ မှာ အစောဆုံး မွေးနေ့ ဆုတောင်းပို့ ပေးပါ ...
၄၉။ အိမ်ပြန်ခွဲခွာခါနီးတိုင်း သူ့ ကိုအနမ်းပေးပါ ...
၅၀။ သူကြိုက်တတ်တဲ့ အစားအစာတွေကို ချက်ပြုတ်တတ်အောင်သင်ယူထားပါ ...
၅၁။ သူ သင့်လက်ရာကို မြည်းစမ်းခွင့်ရပါစေ..ချက်ပြုတ်ကျွေးပါ ...
၅၂။ သူ မကြိုက်တဲ့ တခြားယောက်ျားလေးအကြောင်း သူ့ ရှေ့မှာ မပြောပါနဲ့ ...
၅၃။ သူရှင်းပြတဲ့အခါ..သေချာနားထောင်ပါ..လုံးဝအရေးမစိုက်တာမျိုးမလုပ်ပါနဲ့ ...
၅၄။ သူ့ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်ပေးခွင့်တောင်းပါ ...
၅၅။ သင့် သူငယ်ချင်းတွေနဲ့ သူ့ ကို မိတ်ဆက်ပေးပါ ...
၅၆။ သင့်မိဘတွေနဲ့ သူ့ကို မိတ်ဆက်ပေးပါ ...
၅၇။ အမြဲ နားပူနားဆာမလုပ်ပါနဲ့ ..အခြေအနေကိုအကဲခတ်ပါ..နေသာမှ ကြေညာပါ ...
၅၈။ သူမသိသေးတဲ့ အကြောင်းအရာတစ်ခုပြောတဲ့အခါ ဒါလေးတောင်မသိဘူးလားလို့ မပြောပါနဲ့ ..အဲလိုတော့ ကြားမိတယ် ကြားဖူးတယ် စသဖြင့်ပြောဆိုပါ ...
၅၉။ သူနဲ့ စကားပြောတဲ့အခါ..စကားနာမထိုးပါနဲ့ ...
၆၀။ စကားတစ်ခွန်းကို ထပ်ခါတလဲလဲ နားငြီးအောင်မပြောပါနဲ့ ...
၆၁။ အိမ်ပြန်နောက်ကျတဲ့အခါ..သူ့ ကိုလာကြိုပေးဖို့ တောင်းဆိုပါ ...
၆၂။ သူ့ ကိုစိတ်ကောက်ရင် ၄ရက်ထက်ပိုမကြာပါစေနဲ့ ..နားလည်အောင် ညှိနှိုင်းပါ ...
၆၃။ လူမှုရေး ဘာသာရေး ၀ါသနာပါတဲ့သူဖြစ်ရင် သူ့ အလုပ်ကို ပံ့ပိုးပေးပါ ...
၆၄။ သူ့ ရှေ့မှာ တခြားကောင်လေးတွေကို စိုက်ကြည့်တာမျိုးမလုပ်ပါနဲ့ ...
၆၅။ သူတောင်းပန်တဲ့အခါ..သူ့ ကို ရှင်းပြခွင့်ပေးပါ..ကိုယ်ပြောချင်ရာကို တစ်ဘက်သတ်မပြောပါနဲ့ ...
၆၆။ သူ့ ဖုန်းကို ချပစ်တာမျိုးမလုပ်ပါနဲ့ ...
၆၇။ သူ့ သူငယ်ချင်းတွေနဲ့ တွေ့ ဆုံသောက်စားတဲ့အခါ..နားလည်ပေးပါ ...
၆၈။ သူ့ အလုပ်က မိန်းကလေးတွေနဲ့ ပတ်သက်ရတဲ့အလုပ်မျိုးဆိုရင် သ၀န်တိုမနာလိုမဖြစ်ပါနဲ့ ..သင့်ကိုတကယ်ချစ်တဲ့ ယောက်ျားကောင်းဟာ မဖောက်ပြန်ပါဘူး ...
၆၉။ သူ့ မိတ်ဆွေ မိန်းကလေးတွေနဲ့ စကားပြောရင် နားလည်ပေးပါ ...
၇၀။ သူ့ ရှေ့မှာ ရဲတင်းတဲ့အပြုအမူမလုပ်ပါနဲ့ ..ရှက်တဲ့ပုံစံမျိုးပြုမူပါ ...
၇၁။ သင့်ရဲ့ဆံနွယ်တွေကို သန့် ရှင်းအောင်အမြဲထားပါ..ကျန်းမာရေးနဲ့ ညီညွတ်အောင် သန့် ရှင်းစွာနေထိုင်ပါ ...
၇၂။ အလိုက်သိတတ်မှုရှိပါစေ ...
၇၃။ အိမ်မှုကိစ္စ နိုင်နင်းအောင် သင်ယူထားပါ ...
၇၄။ ကလေး ချစ်တတ်ပါစေ ...
၇၅။ သူ့ နဲ့ ပတ်သက်တဲ့ ဘေးစကားကိုမယုံပါနဲ့ ..သေချာလေ့လာပြီးမှ သူနဲ့ ဆွေးနွေးဖွင့်ပြောပါ ...
၇၆။ သူကြိုက်တတ်တဲ့သီချင်းတွေကို မှတ်သားထားပါ ...
၇၇။ သူ စိတ်ဆိုးတဲ့အခါ..သူနဲ့ သေချာဆွေးနွေးပါ..သင့်ရဲ့အမှားကိဝန်ခံပါ..တောင်းပန်စကားဆိုပါ ...
၇၈။ သူ့ ကို စိတ်ဆိုးလို့ လမ်းခွဲစကားကို လွယ်လွယ်မဆိုပါနဲ့ ...
( ဒီနေရာမှ ) ကူးယူထားပါသည်။
No comments:
Post a Comment