♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

June 17, 2012

ကျေးဇူးကြီးပေ့ ဒို့ ဖေဖေ


ကျေးဇူးကြီးပေ့ ဒို့ ဖေဖေ ( ဇွန်လ ၁၇ ရက်နေ့ အဖေများနေ့အတွက် အမှတ်တရကဗျာ )

 

အဖေ....အဖေဟာ  ကျနော်တို့ မိသားစုရဲ့
အားကိုးအားထားရာ အရှင်သ္ခင်ပါ....အဖေ။
အဖေဟာ....မိသားတစ်စုလုံးရဲ့
စားဝတ်နေရေး ပညာရေး ကျမ္မာရေးနဲ့
ကျောင်းသုံးမုန့်ဖိုးပါမကျန် ပွဲလည်မုန့်ဖိုးအဆုံး 
အဲဒါတွေကို တစ်ယောက်တည်းအားနဲ့ ဖွေရှာပေးခဲ့သူပါ....အဖေ။
မောတယ်  ပန်းတယ် စိတ်ဝယ်မထားပဲ
ငါ့သား  ငါ့သမီး ဝတ်ဖို့ဆင်ဖို့ကိုပါ
အပြုံးမပျက်ပဲ ငွေရှာပေးခဲ့သူပါ။
ဟင်းကောင်း  ထ္မင်းကောင်း မချက်တာကြာရင်
သား - သမီးများနဲ့ အမေ့ကိုကြည့်ပြီး
မျက်နှာညှိးကာ  စိတ်မကောင်းဖြစ်တဲ့....တို့ဖေဖေ။
တခါတရံ အမေမသိအောင်
တိတ်တခိုးလေးနဲ့ မုန့်ဖိုးတွေလည်း
ခိုးပေးတတ်တဲ့ ချစ်စရာကောင်းတဲ့....တို့ဖေဖေ။
ငါ့သား - ငါ့သမီး ပွဲလမ်းသဘင် သွားလာတဲ့ခါ
ဆင်ယဉ်အဝတ်စား မညှိးနွမ်းရအောင်
အမေ့ကို တိုင်ပင် အလှဆင်ပေးတဲ့....တို့ဖေဖေ။
သား နဲ့ သမီး ခွန်အားဖြစ်စေမယ့် စကား
ဗဟုသုတရစေမယ့် အတွေးအမြင်တွေကိုလည်း
အားလပ်တဲ့ စနေ - တနင်္ဂနွေနေ့တွေမှာဆို
မမောနိုင် မပန်းနိုင် ပြောပြတတ်တဲ့....တို့ဖေဖေ။
ငုံမိသဲကိုင် တက်နိုင်ဖျားရောက်တဲ့
ဇွဲမာန်မလျှော့နဲ့လူလေးဆိုတဲ့  အဖေ့ရဲ့စကား
ကျနော့်ရင်ထဲ အားရှိလိုက်တာ....ဗျာ။
ဘာလုပ်လုပ် ဘာကိုင်ကိုင်
ပထမ အရင်စဉ်းစားပြီးတော့
လုပ်နေရင်းနဲ့ ကိုယ့်လုပ်ရပ်တွေဟာ
မှားမှန်းသိရင်  ချက်ခြင်းရပ်လိုက်ပါ လူလေး...တဲ့
အကျိုးအမြတ်မရှိတဲ့
တရားသေဝါဒ ဘယ်တော့မှ ဆုပ်ကိုင်မထားနဲ့ဆိုတဲ့
အဖေ့ရဲ့ ဆိုဆုံးမစကားတွေ
ပြန်လည်ကြားယောင် မြင်လာတဲ့ ညညတွေဆို
စစ်ကနဲမည်အောင် ကြေကြေကွဲကွဲ ရင်ထဲနာကျင်
လဲနေသူကို ကူပါ
ဒုက္ခရောက်နေသူနဲ့ ဒုက္ခမရောက်သူကို
ခွဲခြားသိမြင်တတ်ဖို့ ပြောဆိုခဲ့တဲ့ ဖေ့ဖေ့စကား၊
ကံစီမံရာကို မလှန်နိုင်ပေမယ့် ကံကိုတော့ အားမကိုးနဲ့
အတ္တဟိ အတ္တနော နာထော
မိမိကိုယ်သာ မိမိကိုးကွယ် ဆည်းကပ်ရာဆိုတဲ့
ဗုဒ္ဒရှင်တော်ဘုရားရဲ့ ဆိုစကားတွေကို
လက်ကိုင်ထားတဲ့....တို့ဖေဖေ။
တခုတော့ နောက်ဆုံးမှာလိုက်မယ်တဲ့  ငါ့ - သား နဲ့ သမီးတို့
လူယုံသတ်လို့ ဘယ်တော့မှ အသေမခံနဲ့
အဲဒီလိုဖြစ်ရင် ကိုယ်အသုံးမကျတာပဲ
ကြောက်စရာကောင်းတဲ့ လူတွေကို ရွေးချယ်ပေါင်းသင်းပါ ဆိုတဲ့
ဖေ့ဖေ့စကား သား - သတိရလိုက်တာ...ဗျာ။
တခါတလေ  အဖေ့အတွက်မပါ
လမ်းထိပ်ဆိုင်က ခေါက်ဆွဲကျော်တွေ ဝယ်လာတတ်တဲ့
ဒို့ဖေဖေကိုလေ ပြန်မြင်ယောင်တိုင်း 
မချိရင်ထဲ ဝေဒနာတွေကဲ
သတိမယှဉ်တွဲ ဝေဒနာတွေမစဲတဲ့ အဲဒီညဆို
ဖေဖေကျမ္မာပါစေကြောင်း အခါခါဆုတောင်း
သြော်..... ကျေးဇူးကြီးပေ့ တို့ဖေဖေ..။


ကျေးဇူးရှင် ဖခင်များအား ဤ - ကဗျာဖြင့် ကန်တော့လိုက်ပါသည်။
ကိုဗလိုင်  (ခေတ္တ ။ ။ ဒိန်းမတ်နိုင်ငံ)

1 comment:

  1. မှားမှန်းသိရင် ချက်ခြင်းရပ်လိုက်ပါ လူလေး...တဲ့
    အကျိုးအမြတ်မရှိတဲ့
    တရားသေဝါဒ ဘယ်တော့မှ ဆုပ်ကိုင်မထားနဲ့ဆိုတဲ့
    အဖေ့ရဲ့ ဆိုဆုံးမစကားတွေ-----အမဖေဖေလဲအဲလိုလေးပြောဖူးတယ်
    ဖေဖေကိုလွမ်းမိပါတယ်

    ReplyDelete