♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

March 9, 2012

အိမ်မက်


အိမ်မက်တွေရဲ့ ဖြားယောင်းမှုမှာ
ကျနော်လွမ်းဖျားလွမ်းနာကျခဲ့ရတယ်
အိမ်မက်က ပန်းချီကားတစ်ချပ်ဆို
ကျနော်ဘောင်လှလှလေးတပ်ထားချင်တယ်(တန်းဘိုးမြှင့်အောင်လေ)
အိမ်မက်က သစ်သီးတစ်လုံးဆို
ကျနော်ရေခဲသေတ္တာထဲထည့်ထားချင်တယ်(မပုပ်မသိုးအောင်လေ)
အိမ်မက်က ကဗျာတစ်ပုဒ်ဆို
ကျနော်အလွတ် ကျက်ဆိုပစ်လိုက်မယ်(မေ့မသွားအောင်)
အိမ်မက်က သစ်တစ်ပင်ဆို
ကျနော်ရေလောင်းပေါင်းသင်လိုက်ချင်တယ်(ကြီးထွားအောင်လေ)
အိမ်မက်က ငှက်ကလေးဆို
ကျနော် လှောင်ချိုင့်ထဲ ထည့်သိမ်းထားမယ်(ထွက်ပြေးသွားမှာစိုးလို့လေ)
အိမ်မက်က...
အိမ်မက်က....
အိမ်မက်က.....
ဒါပေမဲ့လည်း အိမ်မက်က
အိမ်မက်ပဲဆိုတော့
ကျနော်
နိုးထရတော့မှာပေါ့လေ.......။

1 comment: