♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

March 8, 2012

မျှော်ငေးသူ


လတစ်စင်း
ညအလင်းတွေရဲ့သခင်
ကမ္ဘာမြေကမော်ကြည့်
မျှော်မိသူက ဝေဒနာရှင်......
မြေလွှာကိုငုံ့ကြည့်နေတဲ့လမင်း
မျှော်လင့်ခြင်းအတိနဲ့လူတစ်ယောက်ကို
မြူလောက်တောင်မြင်မိလိမ့်မထင်........။


အပြစ်ရှိသူက မော်ကြည့်သူ
ရူးသွပ်စွာခံစား သတိရခြင်းတရားတွေရဲ့အောက်
ပြားပြားမှောက် ၀ပ်စင်းနေချိန်
လမင်းဟာခရီးဆက် အာရုဏ်တက်ကိုဆွဲခေါ်ခဲ့တယ်......
..
 
ဝေးကွာသွားတဲ့အချိန်တွေကြား
လွမ်းမောခြင်းတွေခြားထားလည်း
နေ၀င်ချိန်လွန်မြောက်
လမင်းပြန်ရောက်ချိန်ဆို ........
ကောင်းကင်ကိုမော်ကြည့်မျှော်မိသူကိုယ်
ရူးသွပ်စွာအချစ်ပိုခဲ့
မျှော်လင့်ခြင်းမြက်ပင်တွေကို
ယုယစွာဆုပ်ကိုင်
ခိုင်မာစွာတည်ဆောက်
မြူမှုံလောက်အခွင့်အရေးရှိရင်တော
င်
သတိရနေဦးမယ်နော် .........။
 

No comments:

Post a Comment