♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

March 11, 2012

သြ၀ါဒတော်များ ပေါင်းချုပ်



" ရက်ရာဇာနေ့ မှာ ငရုတ်သီးစားရင် မစပ်ဘူးလား "

" စပ်ပါတယ်ဘုရား.."

" ရက်ရာဇာနေ့ မှာလုပ်သော အကုသိုလ်သည် မကောင်းကျိုးကိုမပေးပဲ နေပါ့မလား..."

" မနေပါဘုရား.."

" ကံမကောင်းသောသူသည် ရက်ရာဇာနေ့ မှာအိမ်တိုင်ထူခြင်းကြောင့် ချမ်းသာပါ့မလား "

" မချမ်းသာပါဘုရား..."

" မောင်စိန်တို့ ရွာမှာ အိမ်ခြေဘယ်လောက်ရှိသလဲ "


" ၁၀၀ ရှိပါတယ်ဘုရား..."

" ၄င်း အိမ်ခြေ ၁၀၀ မှာ ရက်မရွေးဘဲ ဆောက်တဲ့အိမ် ပါရဲ့လား "

" မပါ ပါဘုရား "

" ရက်ရွေးပြီးဆောက်တဲ့အိမ်တွေသည် ချမ်းသာတဲ့အိမ်တွေ ချည်းပဲလား "

" မွဲသော အိမ်တွေသာ များပါတယ်ဘုရား "

" ဒီလိုဆိုရင် ရက်ကောင်းတွေက ကောင်းကျိုးပေးနိုင်ပါသလား..."

" မပေးနိုင်ပါဘုရား "

" ရက်မရွေးဘဲ မင်္ဂလာဆောင်တဲ့ လင်မယား ရှိရဲ့လား "

" မရှိပါဘုရား "

" လင်မယားတိုင်း မကွဲမကွာနှင့် ချမ်းသာတာချည်းပဲလား "

" မဟုတ်ပါဘုရား..."

" ရက်ကောင်းတွေကိုအားကိုးရတာ အလကားပေါ့ .. "

" အလကားပါဘုရား.."

" ကုသိုလ်ကိုအားကိုးမှ ဗုဒ္ဓ’ဘာသာကွယ့် မောင်စိန်ရဲ့..."

" မှန်ပါ့ဘုရား.."

************** &&&&&&&********************

" ပြဿဒါးနေ့ မှာ ထန်းလျက်ခဲကို စားရင်မချိုဘူးလား "

" ချိုပါတယ်ဘုရား.."

" ကုသိုလ်လုပ်ရင် ကုသိုလ်မဖြစ်ဘူးလား "

" ဖြစ်ပါတယ်ဘုရား "

" ကုသိုလ်ကံသည် အကျိုးပေးခွင့်ရသော်လည်း ပြဿဒါးနေ့ မှာ အကျိုးမပေးသေးဘဲ ဆိုင်းငံ့နေတယ်လို့ ဘုရား
ဟောပါသလား "

" မဟောပါဘုရား "

" ဒီလိုဆိုရင် ကံကောင်းထောက်ပံ့နေသောသူသည် ပြဿဒါးနေ့ မှာ အိမ်တိုင်ထူခြင်းကြောင့် မကောင်းကျိုးကို
ရဦးမှာလား "

" မရပါဘုရား "

" ကြောက်စရာမဟုတ် အကုသိုလ်ကိုသာ ကြောက်ရမယ်မဟုတ်လား "

" မှန်ပါ့ဘုရား "

" ဒီလိုဆိုရင် ပြဿဒါးနေ့ က ကြောက်စရာမဟုတ်.အကုသိုလ်သာကြောက်ရမယ်မဟုတ်လား ..... အဲဒါကြောင့်
အကုသိုလ်ကိုမကြောက်ပဲ ပြဿဒါးကိုကြောက်နေလျှင် ဗြာဟ္မဏ ဘာသာ ပြဿဒါးကို မကြောက် အကုသိုလ်
ကိုကြောက် မှ ဗုဒ္ဓဘာသာ လို့ မှတ်ကွဲ့ ..."

**************&&&&&&&&&&&&&&***********************

" ဗေဒင်တိုင်းသာ သတ္တ၀ါတွေဖြစ်နေကြရင် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောအခါ ဖွားဖက်တော် ခုနှစ်ယောက်လည်း
တစ်ချိန်တည်း မွေးဖွားကြတယ်။ ဖွားဖက်တော်တို့ ရဲ့ ဇာတာခွင် နှင့် သိဒ္ဓတ္ထမင်းသားဧ။် ဇာတာခွင်သည် အတူတူပဲ
သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်လျှင် ဖွားဖက်တော်တွေလည်း ဖြစ်သင့်တယ်....အခုတော့သတ္တ၀ါတွေ ဖြစ်ကြရတာက
ဗေဒင် ဇာတာခွင်အတိုင်းမဟုတ်...ကံကြမ္မာအတိုင်းသာဖြစ်ကြရသောကြောင့် သိဒ္ဓတ္ထမင်းသားက ဘုရားဖြစ် ကာဠု
ဒါယီတို့ က ရဟန္တာဖြစ်ကြရတယ် မဟုတ်လား "

" မှန်ပါ့ဘုရား "

" အဲ့ဒါကြောင့် ဗေဒင်အခေါ်ဖြစ်သော ပြဿဒါး...ရက်ရာဇာ...ရှမ်းရက်...တာနောရက်...ကမ္ဘာပျက်ရက် တို့ သည်
ပညတ်တွေဟုမှတ်...ကောင်းကျိုးဆိုးကျိုးမပေးနိုင်...ဗေဒင်ဆရာတွေကို ထမင်းအိုးခွဲတာမဟုတ်ဘူးကွဲ့ ...ပညတ်စွဲ
ကွာအောင် ခွာရတာပဲကွယ့် မောင်စိန်ရဲ့...."

" မှန်ပါ့ဘုရား .."

*******************&&&&&&&&&&&&&********************

ဘုရားဟောထက် ဗေဒင်ကို ယုံသူတွေ နမန္တာကျမ်းကို ယုံသူတွေ များပါတယ်..တနှစ်တခေါက် ထုတ်တဲ့ သင်္ကြန်စာမှာ
ဗြဟ္မာမင်းကြီးက ဦးခေါင်းပြတ်ကြီးကို နတ်သမီးများတစ်ယောက်လက်က တစ်ယောက်ကမ်းနေတာ မြင်တယ် မဟုတ်
လား မြတ်စွာဘုရားက နတ်ဗြဟ္မာတို့ ဧ။် ခန္ဓာကိုယ်သည် ကမ္မဇရုပ်တွေချည်းမို့ သေလျှင် မီးတောက်သဖွယ် ပျောက်ကွယ်
တတ်တာလို့ ဟောတယ် ....

ဗေဒင်က ယခုအထိ ခေါင်းပြတ်ကြီးဟာ မပုပ်သေးဘူး မြန်မာပြည်ကယုံကြည်လက်ခံနေသမျှ ပုပ်မှာမဟုတ်ဘူးကွယ့်....

ဗေဒင်က ရက်ရာဇာ နဲ့ ပြဿဒါးကို ပဓာန ထားသကွဲ့ ....

မြတ်စွာဘုရားက ကုသိုလ် အကုသိုလ်ကို ပဓာန ထားသကွဲ့ ....

ဗေဒင်က မဟာဘုတ်ကို အဓိကထား၍ ထူသကွယ့်....

မြတ်စွာဘုရားက သမ္ပတ္တိလေးပါးကို အဓိကထား၍ ထူသကွယ့် ....

ကဲ...မဆန့် ကျင်ပါလား..မြတ်စွာဘုရားနှင့် ဆန့် ကျင်တာကို ယုံလျှင် ဘုရားတရားကို မယုံရာကျတာပေါ့....

မြတ်စွာဘုရားဟောက " သဗ္ဗေကမ္မသကာသတ္တာ ၊ ကမ္မံသတ္တေ ၀ိဘဇ္ဖတိ " တဲ့....

ကဲ...ဘယ်မှာလဲကွယ်..နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လို့ လဲမပါ..မသာကိုစုန်ချရင် တစ်လောင်းနဲ့ ကိစ္စ မပြီးတတ်
ဘူးလို့ လဲမပါ..အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင် ပျက်ဆီးတတ်တယ်လို့ လဲမပါ..ဓမ္မာ..သောက..အင်းဝ..ရာဇာ ကျလို့ 
ပျက်ဆီးတာလည်းမပါ..တနဂ်နွေ..တနလာင်္..အင်္ဂါ..ဆိုတာတွေဟာ ပညတ်သင်္ကေတတွေပဲ..လူကို ကောင်းအောင် ဆိုး -
အောင်မလုပ်နိုင်ပါဘူး..အကုသိုလ်ကံကသာ မကောင်းအောင်လုပ်နိုင်တယ်..ဒီတော့ အကုသိုလ်ဆိုရင် မြွေဆိုး ကင်းဆိုး
ကဲ့သို့ ကြောက်လန့် ပြီး ကုသိုလ်ကံကို က္ကုစ္ဆာသယ ပတ္တမြားကဲ့သို့ သဘောထားကာ အားကိုးကြမှ ဓမ္မံသရဏံ ဂစ္ဆာမိ မှာ
မဟုတ်လား......

မေတ္တာဖြင့် .............
ကျေးဇူးရှင် နမ္မားဆရာတော်ကြီး အရှင်ဥာဏ ဆရာမင်းနန် (မော်ကျွန်း) ဧ။်
ဆရာတော်ကြီးများဧ။် သြ၀ါဒတော်များပေါင်းချုပ်မှ ထုတ်နှုတ်တင်ပြအပ်ပါသည် ရှင်။

No comments:

Post a Comment