♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

March 18, 2012

အသစ်


အရောင်သစ် အဆင်းသစ် ရနံ့သစ်
ကမ္ဘာကြီး သစ်ခဲ့ပြီ။
အတွေးသစ် အမြင်သစ် စိတ်ကူးသစ်နဲ့
အနာဂါတ်သစ်မှာ လူငယ်တွေ သစ်ခဲ့ပြီ။
စိတ်သစ် လူသစ် မိတ်ဆွေသစ်နဲ့
တပါးနိုင်ငံသစ်မှာ ငါးလဲပဲ သစ်ခဲ့ပြီ။
အဲ…
 ခရစ်တွေ ခေတ်တွေ ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ
ယနေ့ထိ မြန်မာဟာ မြန်မာ
ဗမာဟာ ဗမာပါပဲလေ။

သွေးဆာနေတဲ့ လက်တွေ
အိုးမဲသုတ်ထားတဲ့ မျက်နှာတွေရဲ့ ကြားမှာ
ရေညှိထူနေတဲ့ အဆောက်အဦးတွေ
မှိုတက်နေတဲ့ ခလေးတွေ
ယမ်းနံ့စွဲနေတဲ့ သစ်ပင်တွေက
အရင်တိုင်းရှိဆဲ ခုထက်တိုင် မပြောင်းလဲ
ဘယ်ခါမှ အသစ်ဖြစ်ကြတော့မလဲ…။ 

အရိုး (TACDB)

No comments:

Post a Comment