♫ ♥●••·˙ အိလေးနွယ် (အိအိ) ရဲ့ ကဗျာချစ်သူ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ˙·••●♥♫

HTML text code

March 4, 2012

အတောင်ရှိလျှက် အပြန်ခက်



ဇာတိ ချက်ကြွေ
မွေးရပ်မြေ ကို
စိတ်ဝယ်မှန်းဆ
တမ်းတကာဖြင့်
အပြေးလှမ်းကာ 
မလာနိုင်သော်လည်း
နေ့တိုင်းမှာတော့
လွမ်းဆွတ်တမ်းတ
သတိရစွာနဲ့ 
မာတာပီတ မိ နဲ့ ဖ
"မာ" ကြပါစ
တစ်အူတုံဆင်း
မောင်နှမရင်းနဲ့
ဆွေမျိုးသားချင်း
အပေါင်းအသင်း
သူငယ်ချင်း
မိတ်ဆွေရင်းတွေ
"မာ" ပါရဲ့လား. ......?
"သာ" ရဲ့လား ..........?

ဘာသတင်းတွေပဲ ကြားကြား
ဝမ်းသာတဲ့အခါ ... "သာ"
ဝမ်နည်တဲ့အခါ ... "နည်း"
အရေးကြီးလည်း
သွေးမနီးနိုင်ရှာ .....
ရင်မှာအပူများ
သောကပွားရတဲ့
သတင်းတွေကြားလည်း
ဒုန်းစိုင်းကာ အပြေးလာချင်ပေမဲ့
ဘယ်လိုမှ မဖြစ်နိုင်တဲ့

အဝေးတစ်နေရာ
ရောက်နေသူမို့
ဤ .. ခရီးနီးသလား 

သြော် ... ဤခရီးနီးသလား ... ?......

အမေ့အိမ် နှင့် အဝေးရောက် သား/သမီး များအားလုံးအတွက် ...


ဖိုးခွား(ဘိတ်သားလေး) 

No comments:

Post a Comment